Sports Myanmar

ယူရို ဗိုလ်လုပွဲက ဒက်ကလန်ရိုက်စ် ရဲ့ စွမ်းဆောင်ရည် အပေါ် ဝေဖန် လိုက်တဲ့ ဂျရေမီဆောင်းနက်စ်

 

ဂျရေမီ ဆောင်းနက်စ် ကတော့ အာဆင်နယ် အသင်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ကို ဝေဖန်လိုက်ပြီး ယူရို ဗိုလ်လုပွဲ က အင်္ဂလန်သား ရဲ့ စွမ်းဆောင်ရည် ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ရိုးစင်း လွန်းခဲ့ကြောင်း ထောက်ပြ သွားခဲ့ပါတယ် ။

အင်္ဂလန် အသင်းဟာ ဒီနှစ် ယူရို ပြိုင်ပွဲမှာ ဗိုလ်လုပွဲ ကို နှစ်ကြိမ်ဆက် တက်ရောက် နိုင်ခဲ့ပေမယ့် စပိန် အသင်းကို လုံးဝ ယှဉ်ကစား နိုင်ခြင်း မရှိဘဲ နှစ်ဂိုး တစ်ဂိုး နဲ့ အရေးနိမ့် သွားခဲ့ရပါတယ် ။ ဗိုလ်လုပွဲမှာ စပိန် အသင်းဟာ နီကို ဝီလီယံ ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပေမယ့် ပါးလ်မား က အင်္ဂလန် အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ် ။

အဲ့ဒီနောက် အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင် ကစားရတော့မယ်လို့ အများစု က ထင်မှတ်နေချိန်မှာ စပိန်တို့ အနိုင်ဂိုး ပြန် ရသွားခဲ့ပြီး လူစားဝင် ကစားသမား အိုယာဇာဘဲလ် က သွင်းယူ ပေးခဲ့တာပါ ။ စပိန် အတွက်တော့ ဥရောပ ချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူ နိုင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန် အတွက်တော့ သူတို့ရဲ့ ပထမဆုံး ယူရို ချန်ပီယံဆုနဲ့ လွဲချော် သွားခဲ့ရပါတယ် ။

ဗိုလ်လုပွဲ ပြီးသွားခဲ့တာဟာ ရက်အနည်းငယ် ကြာပြီ ဖြစ်ပေမယ့် ပွဲအပေါ် သုံးသပ်မှုတွေကတော့ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ် ။ ဆောင်းနက်စ်ကတော့ စပိန် နဲ့ ပွဲက ရိုက်စ် ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ” အင်္ဂလန် က တစ်ဂိုး ဂိုး မရှိ နဲ့ အရေးနိမ့်နေချိန်မှာ အကောင်းဆုံး ပုံစံ ပြခဲ့ပါတယ် ။ အဲ့လို အချိန်မှာ သူတို့ အနေနဲ့ စွန့်စားပြီး ရှေ့ကို ပေးပို့မှုတွေ လုပ်ရမှာ ဖြစ်ပေမယ့် ဘေးတွေ အနောက်တွေကို ပတ်ပေးနေခဲ့ပါတယ် ၊ကျနော်ဖြင့် သူတို့ အဲ့ဒီလို ကစားနေတာကိုကြည့်ပြီး စိတ်‌တွေ တိုလိုက်တာဗျာ ။ ”

” ကျနော် ရှာဖွေလေ့လာမှု တချို့ လုပ်ကြည့်တော့ ဒက်ကလန်ရိုက်စ် က စပိန် နဲ့ ပွဲမှာ အောင်မြင်တဲ့ ရှေ့ကို ဘောလုံး ပေးပို့မှု ၁ ကြိမ်ပဲ ရှိတယ်ဆိုတာ တွေ့လိုက်ရပါတယ် ။ ကွင်းလယ်လူ တစ်ယောက် က မိနစ် ၉၀ လုံးလုံး ရှေ့ကို ဘောလုံး ပေးပို့မှု အောင်မြင်တာ ၁ ကြိမ်ပဲ ရှိခဲ့တယ် ဆိုတာက မယုံနိုင်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar