
နိုင်ငံ လက်ရွေးစင် အသင်းတွေ နဲ့ အတူ ယူရို ပြိုင်ပွဲ ကစားခဲ့ကြတဲ့ ရာယာ၊ ဆာကာ ၊ ရိုက်စ် ၊ ရမ်စ်ဒဲလ် ၊ ဆလီဘာ တို့ဟာ အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နေကြပြီ ဖြစ်ပြီး လေဗာကူဆင် ၊ လိုင်ယွန် တို့နဲ့ ကစားမယ့် ပွဲကို ပါဝင် ကစားဖွယ် ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ အန်ကီးတီးယား အတွက် သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေး မရပါက အသင်းမှာ ဆက်ထား သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ အာတီတာ အနေနဲ့လည်း အန်ကီးတီးယား ကို အသင်း ကနေ ထွက်ခွာ စေလိုခြင်း မရှိဘဲ ဆက်လက် ထိန်းသိမ်းဖို့ အားသန်တယ်လို့ HITC က ဆိုပါတယ် ။ လက်ရှိမှာ အန်ကီးတီးယား အနေနဲ့ မာဆေးလ် နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပေမယ့် ကလပ် နှစ်သင်းကြား ပြောင်းရွေ့ကြေး ခုက်ထိ သဘောတူညီမှု မရသေးပါဘူး ။

Sports Witness ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ ဂါလာတာစာရေး တောင်ပံ ကစားသမား Yilmaz ကို ခေါ်ယူဖို့ အရှိန်မြင့်လုပ်ဆောင်နေပြီး ယူရို သန်း ၂၀ ဝန်းကျင် နဲ့ သဘောတူညီမှု ရဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ် ။
နယူးကာဆယ် ဘက်က အီဆက် ကို ရောင်းချမှာ မဟုတ်ကြောင်း အတိအလင်း တုန့်ပြန်ပြီးနောက် အာဆင်နယ် အသင်းဟာ သူတို့ရဲ့ တိုက်စစ် ပစ်မှတ် ကစားသမားတွေကို ပြန်လည် သုံးသပ် နေတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်း အနေနဲ့ နံပါတ် ၉ စစ်စစ်ထက် အတွင်းဝင် ကစားနိုင်တဲ့ တောင်ပံ တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ အားသန် နေပြီး သူတို့ လိုချင်တဲ့ ပုံစံ နဲ့ ကွက်တိ ဖြစ်တဲ့သူမျိုးကို ငွေပုံအော သုံးစွဲ ခေါ်ယူ သွားမှာ ဖြစ်ပါတယ် ။

Ryan Taylor Sports က အာဆင်နယ် အသင်းဟာ မင်ရင်နို ကို ခေါ်ယူနိုင်ဖို့ရာ အဆင့် အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ ဆိုလိုက်ပါတယ် ။ မင်ရင်နို ဟာ လက်ရှိ အချိန်မှာ ဆိုစီဒက် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နေပြီ ဖြစ်ပါတယ် ။

SM