
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
၅ ကြိမ်တိုင်တိုင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့် ဘရာဇီးအသင်းအနေဖြင့် ကမ္ဘာ့ဘောလုံးလောက၏ ထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် နည်းပြချုပ် ကာလို အန်ဆယ်လော့တီအပေါ် စိတ်ရှည်သည်းခံရန် ပက်ပ် ဂွါဒီယိုလာက တိုက်တွန်းပြောဆိုခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်က ဘာစီလိုနာအသင်းဖော်ဟောင်း ရိုမာရီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ဂွါဒီယိုလာက အန်ဆယ်လော့တီမှာ အဆိုပါရာထူးအတွက် အသင့်တော်ဆုံးဖြစ်သည်ဟု ယုံကြည်သော်လည်း ၎င်း၏ ဘောလုံးဒဿနများကို အကောင်အထည်ဖော်ရန် အချိန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
"ဖိအားတွေက သိပ်ကိုကြီးမားပါတယ်" ဟု ဂွါဒီယိုလာက ဆိုသည်။ "နောက်ပြီးတော့ သိပ်ခက်ခဲတဲ့ ဒီဘောလုံးလောကမှာ တစ်ခါတလေ အချိန်ပေးဖို့လိုပါတယ်။ ဒီကိုရောက်လာပြီး လက်ဖျောက်တစ်ချက် တီးလိုက်ရုံနဲ့ နှစ်ရက်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်သွားမယ့် ကိစ္စမျိုးမဟုတ်ပါဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အန်ဆယ်လော့တီအနေဖြင့် ယမန်နှစ် မေလက ဘရာဇီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ချိန်မှစ၍ ၁၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်၌ နော်ဝေအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသက် ၆၇ နှစ်အရွယ် အီတလီနိုင်ငံသားနည်းပြအပေါ် ဖိအားများမြင့်တက်လာခဲ့ပြီး ယင်းမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဘရာဇီးအသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ အစောဆုံး ထွက်ခွာခဲ့ရခြင်းလည်းဖြစ်သည်။
ရိုမာရီယိုမှာ ထိုအခြေအနေအပေါ် အပြင်းထန်ဆုံးဝေဖန်သူများထဲတွင် အပါအဝင်ဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းကျန်ရှိသော အန်ဆယ်လော့တီအား စာချုပ်ဖျက်သိမ်းရန် ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ထံ တောင်းဆိုခဲ့သည်။
ယခုနှစ်မေလတွင် မန်ချက်စတာစီးတီးအသင်းမှ ထွက်ခွာခဲ့ပြီးနောက် နည်းပြလောကနှင့် ကင်းကွာနေသည့် ဂွါဒီယိုလာက အလျင်စလို ဆုံးဖြတ်ချက်မချရန် သတိပေးခဲ့သည်။
"ကာလိုရဲ့ အရည်အသွေးအပေါ် ကျွန်တော် ဘယ်လိုမှသံသယမဝင်မိပါဘူး" ဟု ၎င်းက ဆိုသည်။ "သူက အသင်းလူစာရင်းကို စီမံခန့်ခွဲတဲ့နေရာမှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပါ။ သူ့ကို နံပါတ်တစ်လို့တောင် ပြောကြတယ်ဗျ။ ကျွန်တော် သူနဲ့ ရင်ဆိုင်ဖူးတယ်။ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သူက အလိုလိုသိမြင်နိုင်စွမ်း မြင့်မားပြီး အင်မတန် ထူးချွန်ပါတယ်" ဟု ဂွါဒီယိုလာက ဆိုသည်။ (Xinhua)



..................................
(English Version)
Guardiola backs Ancelotti amid Brazil pressure
RIO DE JANEIRO, Nov. 24 (Xinhua) -- Pep Guardiola has urged Brazil to show patience with head coach Carlo Ancelotti as the five-time world champion seeks a return to the top of world football.
In an interview with former Barcelona teammate Romario broadcast on Tuesday, Guardiola said he believed Ancelotti was the right person for the job, but needed time to implement his ideas.
"The pressure is huge," Guardiola said. "And sometimes, in this game, which is very difficult, it takes time. It's not just a matter of arriving here, snapping your fingers, and in two days you are world champion."
Ancelotti has overseen 13 wins, four draws and five defeats since taking charge of Brazil in May last year.
Pressure on the 67-year-old Italian mounted after a round-of-16 loss to Norway at this year's FIFA World Cup, Brazil's earliest exit from the tournament since 1990.
Romario has been among the most vocal critics, calling on the Brazilian Football Confederation (CBF) to end Ancelotti's contract, which runs until the 2030 World Cup.
Guardiola, who has been away from coaching since leaving Manchester City in May, cautioned against a knee-jerk move.
"I would be incapable of doubting Carlo's ability," he said. "He's a leader in squad management. They say he's number one. I've faced him. He's very intuitive and smart in his tactical decision-making."
Photo caption 1: Carlo Ancelotti, head coach of team Brazil, reacts during a friendly football match between Brazil and Panama at the Maracana Stadium in Rio de Janeiro, Brazil, May 31, 2026. (Photo by Daniel Ramalho/Xinhua)
Photo caption 2: Carlo Ancelotti (C), head coach of Brazil, instructs during the group C match between Brazil and Morocco at the 2026 FIFA World Cup at New York New Jersey Stadium in New York, the United States, June 13, 2026. (Xinhua/Hu Xingyu)