Xinhua Myanmar

အရေးကြီးသည့် ဥရောပပွဲစဥ်မတိုင်မီ ခြေကျင်းဝတ်ခွဲစိတ်ရမည့်အခြေအနေကြောင့် ဗီလာရီးရဲလ်ကစားသမား ဆာလီဘာ အနားယူရမည်

ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့တွင်ကစားခဲ့သည့် ဘိုရပ်ရှားဒေါ့မွန်နှင့် ဗီလာရီးရဲလ်အသင်းတို့၏ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပွဲအတွင်း ဘိုရပ်ရှားဒေါ့မွန်မှ ဂျိုအာနီဂါဒူး(ယာ)နှင့် ဗီလာရီးရဲလ်မှ နသန်ဆာလီဘာတို့၏ ယှဥ်ပြိုင်ကစားမှုကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဗီလာရီးရဲလ်အသင်းမှ ကနေဒါလက်ရွေးစင်ကွင်းလယ်ကစားသမား နသန်ဆာလီဘာမှာ နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်ခဲ့သည့်လေ့ကျင့်ရေးတွင် အရွတ်​ကြောဒဏ်ရာတစ်ခုရခဲ့ပြီးနောက် ၎င်း၏ဘယ်ဘက်​​ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ရမည်ဖြစ်ကြောင်း အဆိုပါစပိန်ကလပ်အသင်းက နိုဝင်ဘာ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအသက် ၂၂ နှစ်အရွယ်ရှိသည့် ကစားသမား၏ဒဏ်ရာကို မက်ဒရစ်မြို့တွင်ခွဲစိတ်ကုသသွားမည်ဟု ဗီလာရီးရဲလ်က သတင်းထုတ်ပြန်ထားသည်။ ကစားသမားပြန်လည်ကစားနိုင်မည့်အချိန်ကို ဗီလာရီးရဲလ်က ဖော်ပြထားခြင်းမရှိသော်လည်း စပိန်ပြည်တွင်းမီဒီယာများက ဆာလီဘာမှာ ၂ လမှ ၃ လကြာအထိ အနားယူရနိုင်သည်ဟု ဖော်ပြကြသည်။

ဗီလာရီးရဲလ်မှာ နိုဝင်ဘာ ၂၅ ရက်ညတွင် ဆလားဗီးယားပရပ်အသင်းကို ယူအီးအက်ဖ်အေချန်ပီယံလိဂ်အဝေးကွင်းပွဲ သွားကစားရမည်ဖြစ်သည်။ အဆိုပါ စပိန်ကလပ်အသင်းမှာ ၄ ပွဲကစားပြီးနောက် ၃ မှတ်ရရှိထားပြီး ၃၆ သင်းပါဝင်ယှဥ်ပြိုင်နေသည့် လိဂ်အဆင့်ရပ်တည်မှုတွင် အဆင့် ၂၈ နေရာသို့ရောက်ရှိနေကာ ရှုံးထွက်ပလေးအော့ဖ်အဆင့်သို့ တက်ရောက်ကစားခွင့်ရရှိရေးအတွက် အနိုင်ပွဲရယူရန် လိုအပ်နေသည်။  (Xinhua)

.................................

(English version)

Ankle operation to sideline Villarreal's Saliba on eve of vital European game

MADRID, Nov. 24 (Xinhua) Villarreal's Canadian midfielder Nathan Saliba will undergo surgery on his left ankle after injuring a ligament in training last Friday, the Spanish club said Tuesday.

Villarreal said the 22-year-old would undergo surgery in Madrid. The club gave no timeline for his return, but local media reported that he could be sidelined for two to three months.

Villarreal visits Slavia Prague in the UEFA Champions League on Wednesday night. The Spanish side sits 28th in the 36-team league phase standings with three points from four matches and needs a win to boost its chances of reaching the knockout playoffs. ■

Photo caption: Joane Gadou (R) of Borussia Dortmund vies with Nathan Saliba of Villarreal during the UEFA Champions League football match between Borussia Dortmund and Villarreal in Dortmund, Germany, Sept. 8, 2026. (Photo by Joachim Bywaletz/Xinhua)

မူရင်းသတင်း — Xinhua Myanmar