Sports Myanmar

လေဗာကူဆင် နဲ့ ပွဲမှာ တင်ဘာ နှင့် ကာလဖီအိုရီတို့ မပါဝင်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ အာတီတာ

 

အာဆင်နယ် အသင်းဟာ မနေ့က ညပိုင်းမှာ လေဗာကူဆင် အသင်း နဲ့ ခြေစမ်းပွဲ ကစားခဲ့ပါတယ် ။ ရှုံးပွဲ မရှိ အမှတ်ပေး ချန်ပီယံ ဖြစ်ဖူးတဲ့ အသင်း နှစ်သင်း ကစားတဲ့ ပွဲ ဖြစ်တာကြောင့် Invincible Derby လို့ တင်စားကြတဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ လေဗာကူဆင် အသင်းကို လေးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာကတည်းက ဇင်ချန်ကို ၊ ထရောဆက်ဒ် ၊ ဂျေးဇု တို့ရဲ့ သွင်းဂိုးတွေ နဲ့ ဦးဆောင် နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း မှာ ဟားဗတ်ဇ် က တစ်ဂိုး ထပ်သွင်း ခဲ့တာကြောင့် ဂိုးပြတ် အနိုင်ရ သွားခဲ့တာပါ ။ လေဗာကူဆင် နဲ့ ပွဲမှာ ပရိသတ်တွေဟာ ကစားသမားသစ် ကာလာဖီအိုရီ ကစားတာကို မြင်ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အရန်လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိပါဘူး ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ကာလာဖီအိုရီ ကို အသုံးမပြု ခဲ့တာ နဲ့ ပတ်သက်ပြီး ” ရီကာဒို နဲ့ ပတ်သက်ပြီး ပြောရရင် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း သူ လုပ်ဆောင် ခဲ့ရတာတွေက အတော်များပါတယ် ။ သူက ပတ်ဝန်းကျင် အသစ်ကို ရောက်လာသူဖြစ်ပြီး အရင်ကနဲ့ မတူတဲ့ နည်းလမ်းတွေကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင် နေရသူပါ ၊ လေ့ကျင့်ရေး အစီအစဉ်တွေပါ အပါအဝင်ပေါ့ ။ ”

” ကျနော်တို့ အနေနဲ့ အကောင်းဆုံး ဖြစ်အောင် သူ့ကို အသင်း လူစာရင်းမှာ ဖြည်းဖြည်းချင်း ထည့်သွင်း သွားမှာပါ ။ လာမယ့် တနင်္ဂ‌နွေ မှာတော့ သူ မိနစ် အနည်းငယ် ကစား နိုင်ဖို့ မျှော်လင့်ပါတယ် ။ ”

ပွဲမတိုင်ခင်မှာကတည်းက ဒဏ်ရာ ပြဿနာ ရှိနေတတယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ တင်ဘာ နဲ့ ပတ်သက်ပြီးလည်း အာတီတာ က ” ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ တင်ဘာက သူ့ရဲ့ ခြေထောက်က အနည်းငယ် သက်သောင့်သက်သာ မရှိကြောင်း ပြောပါတယ် ။ သူက အချိန် အကြာကြီး အနားယူထားရသူဆိုတော့ ကျနော်တို့ အနေနဲ့ အရဲ မစွန့်ချင်တာကြောင့် အနားပေး ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar