
ဝက်စ်ဟမ်းတိုက်စစ်မှူးသစ် ဖယ်ခုက ပရီးမီးယားလိဂ်သည် ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး ဖယ်ခု(၃၁ နှစ်)ကို ပေါင် (၂၃)သန်းဖြင့် ဝယ်ယူကာ (၄) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
ဝက်စ်ဟမ်းအသင်းနှင့်ပြုလုပ်သည့် ပထမဆုံးအင်တာဗျူးတွင် ဖယ်ခုက ပရီးမီးယားလိဂ်သည် ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်လို့ ကျွန်တော် ထင်ပါတယ်။ အခုအချိန်က အင်္ဂလန်ကို ပြောင်းရွှေ့ပြီး ဝက်စ်ဟမ်းလို ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းကြီးမှာကစားဖို့ ကျွန်တော့်အတွက် အကောင်းဆုံးအချိန်လို့ထင်ပါတယ်''ဟု ၎င်းက ဆိုခဲ့သည်။