Sports Myanmar

ဝက်ကင်းစ် ကို အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ အကြောင်းအရင်း ၃ ရပ်ကို ရှင်းပြလိုက်တဲ့ ပီတစ်

 

ဂန်းနား ကွင်းလယ်လူဟောင်း ပီတစ် ကတော့ အက်စတန်ဗီလာ အသင်း တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် ဟာ အာဆင်နယ် အသင်း အတွက် ပြီးပြည့်စုံမယ့် တိုက်စစ်မှုး တစ်ဦး ဖြစ်လိမ့်မယ်လို့ သုံးသပ်လိုက်ပြီး အသင်းထံ ခေါ်ယူဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

ပီတစ် က တိုက်စစ်မှူး လိုအပ်နေတဲ့ အာဆင်နယ် အသင်း ဝက်ကင်းစ်ကို ခေါ်ယူသင့်တဲ့ အကြောင်းအရင်း ၃ ရပ်ကို ခုလို ရှင်းပြ သွားခဲ့ပါတယ် ။ ” အာဆင်နယ် အသင်း ရဲ့ နွေရာသီ အဓိက ပစ်မှတ်က တိုက်စစ်မှူးပဲ ဖြစ်သင့်ပါတယ် ၊ အမြင့်ဘော အားကောင်းပြီး ကြံ့ခိုင်မှု အားကောင်းတဲ့ တိုက်စစ်မှူးမျိုးပေါ့ ။ ”

” ပထမဆုံးတစ်ခု က ဝက်ကင်းစ် ရဲ့ ကြံ့ခိုင်မှုပါ ၊ သူက ပြိုင်ဘက် နောက်ခံလူတွေ ကောင်းကောင်း တွန်းတွန်းတိုက်တိုက် ကစားနိုင်သူပါ ၊တခါတလေ ဆို နောက်ခံလူ နှစ်ဦးလောက်နဲ့ကို ယှဉ်ပြီး ဘောလုံးကို ခြေထဲမှာ ကောင်းကောင်းထိန်းထား နိုင်ပါတယ် ။ ”

” ဒုတိယတစ်ချက်ကတော့ ပြိုင်ဘက် နောက်ခံလူတွေ နောက်ကနေ နေရာယူ ပြေးနိုင်စွမ်းပါပဲ ။ ဒါကို ယူရို ၂၀၂၄ နယ်သာလန် နဲ့ ပွဲမှာ သူ နောက်ကျ အနိုင်ဂိုး သွင်းစဉ်တုန်းက တွေ့ခဲ့ရပါသေးတယ် ၊ တတိယ နှင့် နောက်ဆုံး တစ်ချက်ကတော့ ဗီလာ မှာ သူ့ရဲ့ အံ့အားသင့်ဖို့ ကောင်း‌လောက်အောင် ကောင်းမွန်းလွန်းလှတဲ့ တစ်ဦးချင်း ဂိုးသွင်းစွမ်းရည်ပါပဲ ။ ”

” သူက အာဆင်နယ် အသင်းရဲ့ စနစ်မှာ ကွက်တိ အံဝင်မယ့် ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဝက်ကင်းစ် ဟာ ပြီးခဲ့တဲ့ ရာသီမှာ အက်စတန်ဗီလာ အသင်း အတွက် လိဂ်ပြိုင်ပွဲ ၃၇ ပွဲ ကစား ၁၉ ဂိုးသွင်း ၊ ၁၃ ဂိုး ဖန်တီး နိုင်ခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar