
Football Insider ရဲ့ သတင်းထောက် Pete O Rourke က အာဆင်နယ် အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း ရဲ့ တောင်ပံ ကစားသမား ကိုးလ်မန်း ကို ကာလရှည် အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုလိုက်ပါတယ် ။ ကိုးလ်မန်း ဟာ အာဆင်နယ် အသင်းကို ပြောင်းဖို့ စိတ်ဝင်စားပေမယ့် ပွဲကစားခွင့် အတွက် အာမခံချက် လိုချင်နေပါတယ် ။

လီယွန် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း အတွက် ပထမဦးဆုံး ပွဲဦးထွက် ကစားခဲ့တဲ့ ကာလာဖီအိုရီ နဲ့ ပတ်သက်ပြီး အာတီတာ က ” အသင်းက ကစားသမား တစ်ဦးကို ပရိသတ်တွေ အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာကို ကျနော် သဘောကျပါတယ် ။ ကိုယ့်ကို ချစ်ခင်ကြတယ် ဆိုတဲ့ ခံစားချက်မျိုး ရစေတဲ့ အားပေးမှုပါ ။ ကျနော်တို့ အသင်း ပရိသတ်တွေက မယုံနိုင်စရာကောင်းလောက်အောင် နှစ်လိုဖွယ် ကောင်းလွန်းလှပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က တင်ဘာ ဟာ ဒီတစ်ပတ် မှာ အသင်း နဲ့ အတူ ပြန်ပြီး လေ့ကျင့်ခန်း ဆင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး တိုမီယာဆု ကတော့ ရက်သတ္တပတ် အနည်းငယ်ကြာ အချိန်ယူ ရဦးမှာ ဖြစ်တယ်လို့ လီယွန် အသင်း နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

မာဆေးလ် အသင်းဟာ အန်ကီးတီးယား အတွက် အာဆင်နယ် အသင်း ထံ ဒုတိယအကြိမ် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်လိုက်ပြီး ကလပ် နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ဆလီဘာ က ကစားသမားသစ် ကာလာဖီအိုရီ ရဲ့ ပွဲဦးထွက် ခြေစွမ်း အပေါ် ” ကျနော် သူ့အတွက် ဝမ်းသာပါတယ် ။ ခုမှ အစပဲ ရှိပါသေးတယ် ၊ သူက တကယ်တော်တဲ့ ကစားသမား တစ်ဦးပါ ၊အသက်ကလည်း ငယ်ပါသေးတယ် ၊ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့် ရတဲ့ အတွက် ကျနော်တို့ သိပ်ကို ဝမ်းသာ ပျော်ရွှင် မိပါတယ် ၊ ကျနော်တို့နဲ့ အတူ သူ ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ဖြတ်သန်း နိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ် ။
SM