
နယ်သာလန် ကလပ် အိုင်းယက်စ် အသင်းဟာ အာဆင်နယ် အသင်း မှာ နေရာမရတာကြောင့် အသင်းက ထွက်ခွာချင်နေတဲ့ ရမ်စ်ဒေးလ် ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ် ။ ဒါပေမဲ့ အာဆင်နယ် အသင်းဘက်က ရမ်စ်ဒေးလ် ကို အပြီးသတ် ရောင်းချချင်နေပြီး အငှားချဖို့ ဆန္ဒ မရှိတာကြောင့် ပယ်ချလိုက်ပါတယ် ။ အိုင်းယက်စ် ဘက်ကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေဆဲ ဖြစ်ပါတယ် ။

ဘုန်းမောက် အသင်းဟာ ဆိုလန်ကီ နေရာ အစားထိုးဖို့ရာ အန်ကီးတီးယား ကို ခေါ်ယူဖို့ အခိုင်အမာ စိတ်ဝင်စား နေပြီး ကနဦး ဆွေးနွေးမှုတွေတောင် စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ် ။ အစောပိုင်းမှာ အန်ကီးတီးယား ဟာ မာဆေးလ် အသင်း နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပေမယ့် မာဆေးလ် ဘက်က အာဆင်နယ် အသင်း တောင်းဆိုတဲ့ ယူရို သန်း ၃၀ ကို မပေးချေချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက် ခဲ့တာပါ ။

အာဆင်နယ် အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ဟာ ကစားသမား အချင်းချင်း မဲပေးရွေးချယ်တဲ့ the PFA Players’ Player of the Year ဆန်ကာတင် စာရင်းမှာ ဖိုဒန် ၊ ဟာလန်း ၊ ဝက်ကင်းစ် ၊ ပါးလ်မား ၊ ရိုဒရီ တို့နဲ့ အတူ ပါဝင် လာခဲ့ပါတယ် ။ နော်ဝေသား ဟာ မနှစ်က အာဆင်နယ် အတွက် ၄၈ ပွဲ ကစားပြီး ၁၁ ဂိုး သွင်း ၊ ၁၀ ဂိုး ဖန်တီး ပေးခဲ့ပါတယ် ။

ဆာကာ ဟာလည်း ကစားသမား အချင်းချင်း မဲပေးရွေးချယ်တဲ့ the PFA Young Player of the Year ဆန်ကာတင် စာရင်းမှာ ဂါနာချို ၊ မိန်နူး ၊ ပါးလ်မား ၊ ပက်ဒရို ၊ အိုလစ်ဆေး တို့ နဲ့ အတူ ပါဝင် ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ လူငယ် ဂိုးသမား ကားလ်ဟိန်း ဟာ လာလီဂါ ကလပ် ဗလာဒိုးလစ် အသင်း ထံ တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

SM