
အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် ထွက်ခွာ သွားပါက အစားထိုးဖို့ရာ အက်စ်ပန်ညော် အသင်း ရဲ့ ဂိုးသမား ယိုအန်ဂါစီယာ ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ Evening Standard က ဖော်ပြ လာခဲ့ပါတယ် ။ ဂါစီယာ ဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၂၁.၄ သန်း အထိ ရှိပြီး ကြာသပတေးနေ့ကျရင် ပေါင် ၂၅.၇ သန်း အထိ မြင့်တက် လာနိုင်တယ်လို့ စပိန် က သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။ ဒါပေမဲ့လည်း အက်စ်ပန်ညော် ဘက်ကတော့ ဂါစီယာ ကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

အာဆင်နယ် အသင်းရဲ့ ဂိုးသမား ရာယာ က ကစားသမားသစ် ကာလာဖီအိုရီ နဲ့ ပတ်သက်ပြီး ” သူက အရမ်း အရမ်းကိုမှ သန်မာပါတယ် ။ သူက ဖျက်ထုတ်မှုတွေ တောက်လျှောက် လုပ်တတ်တဲ့ ကစားသမားပါ ၊ တစ်ပွဲလုံး မနားတတ် ကစားတတ် အလုပ်ကြိုးစားတတ်တဲ့ ကစားသမားပါ ။ ” လို့ မှတ်ချက်ပေး ချီးကျူး သွားခဲ့ပါတယ် ။

ဝုလ်ဗာဟမ်တန် ၊ ဆောက်သမ်တန် ၊ နော်တင်ဟမ်ဖောရက်စ် အသင်းတို့ဟာ အာဆင်နယ် အသင်း ဂိုးသမား ရမ်စ်ဒေးလ် ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်း ထားပါတယ် ။ ရမ်စ်ဒေးလ် ဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် မှာ တစ်မိနစ်မှ ပါဝင် ကစားခဲ့ရခြင်း မရှိပါဘူး ။

အာဆင်နယ် အသင်းဟာ မီရင်နို အတွက် ယူရို ၂၅ သန်းသာ ပေးချေချင်ပြီး ဆိုစီဒက် အသင်းကတော့ ယူရို သန်း ၃၀ အလို ရှိနေတာကြောင့် အပြောင်းအရွေ့ဖြစ်မြောက်ဖို့ ကြန့်ကြာလျက် ရှိပါတယ် ။ အာဆင်နယ် အသင်းဟာ မီရင်နို အတွက် အရစ်ကျ ပေးချေ ချင်နေပြီး ဆိုစီဒက် အသင်းကတော့ ပထမဦးဆုံး ပေးချေမှုမှာ ပမာဏ အတော်များများ အလို ရှိနေတာပါ ။

Opta ရဲ့ စူပါ ကွန်ပြူတာ ခန့်မှန်း တွက်ချက်မှု အရ လာမယ့် ရာသီ မှာ အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေ ဟာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း ရဲ့နောက် ဒုတိယ နေရာမှာ ရှိနေပါတယ် ။
အာဆင်နယ် အသင်း ရဲ့ ညာနောက်ခံလူ နော်တန်ကပ်ဖီ ဟာ ဂျီနိုအာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂ သန်း + အပိုဆုကြေး ယူရို ၂ သန်း နဲ့ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ် ။ နော်တန်ကပ်ဖီ ဟာ မနှစ်က မီဝေါလ် အသင်းထံ အငှားထွက် ကစားခဲ့ပြီး ပွဲ ၄၀ ကစား ခဲ့ပါတယ် ။

SM