
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန် က မကြာခင် စတင်တော့မယ့် ဘောလုံး ရာသီမှာ အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်း လိုက်ပြီး မန်စီးတီး အသင်း ရဲ့ စိုးမိုးမှု အဆုံးသတ် သွားလိမ့်မယ်လို့ ဆိုသွား ခဲ့ပါတယ် ။
ဂွာဒီယိုလာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လေးရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ကိုင်မြှောက် အောင်ပွံ ခံနိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ် တစ်ခုကို စိုက်ထူ နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းကတော့ ပြီးခဲ့တဲ့ ၂ ရာသီဆက် ဒုတိယ နေရာနဲ့သာ ကျေနပ် ခဲ့ရပါတယ် ။

ဖာဒီနန် ကတော့ အာဆင်နယ် အသင်း ရဲ့ ဒီနှစ် နွေရာသီ ကစားသမား ခေါ်ယူမှု တစ်ခုဟာ အသင်းကို ပိုမို အင်အား ကောင်းသွားစေပြီး ချန်ပီယံ ဖြစ်စေလိမ့်မယ်လို့ TNT Sports မှာ ပြောကြား သွားခဲ့ပါတယ် ။ ” ပြီးခဲ့တဲ့ လေးရာသီဆက် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီး အသင်းကို ဆန့်ကျင်ပြီး တခြား အသင်းကို ရွေးဖို့ ဆိုတာက တကယ့်ကို ခက်ခဲပါတယ် ။ သူတို့က သမိုင်း မှတ်တိုင်သစ် စိုက်ထူထားခဲ့တဲ့ အသင်းပါ ။ ”
” ဒါပေမဲ့ အာဆင်နယ် အသင်း ရဲ့ ဘယ်ခြမ်းကို ကာလာဖီအိုရီ ရောက်ရှိလာမှုက အသင်းရဲ့ ဘယ်ခြမ်းကို အဆင့်မြင့်တင်လိုက်တာပါပဲ ။ သူက တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ ၊ ဘိုလောဂ့်နာ မှာဆိုလည်း သီယာဂို မော့တာ အောက်မှာ ကစားခဲ့ရသူပါ ၊ အာတီတာ ကစားချင်တဲ့ ပုံစံကို သူကောင်းကောင်းနားလည် သဘောပေါက်ပါတယ် ။ ”

” ဘယ်ခြမ်းက အာဆင်နယ် အသင်း အားနည်းနေခဲ့တဲ့ နေရာပါ ။ သူ့ကြောင့် အသင်းက ပိုပြီး ဟန်ချက် ညီသွားစေပါတယ် ၊ ပိုပြီး တည်ငြိမ် သွားစေပါတယ် ၊ ဒါကြောင့် ကျနော် က အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်မယ်လို့ ထင်ပါတယ် ၊ ဒါပေမဲ့ အာဆင်နယ် အနေနဲ့ ချန်ပီယံ ဖြစ်ချင်စိတ် ရှိဖို့လည်း လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM