
အာဆင်နယ် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ ဟာဗတ်ဇ် ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီး နိုင်ခဲ့ပီး နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ပွဲ ၁၅ ပွဲမှာ သွင်းဂိုး ၁၀ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။
ဒါ့အပြင် ဟားဗတ်ဇ် အနေနဲ့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၃ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး မန်ချက်စတာစီးတီး အသင်း ခေါင်းဆောင်ဟောင်း ဂန်ဒိုဂန် (၃၄ ဂိုး) ပြီးရင် ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် သွင်းဂိုး အများဆုံး ဂျာမန် ကစားသမားလည်း ဖြစ်လာပါတယ် ။

မန်ချက်စတာ စီးတီး အသင်းရဲ့နောက်ခံလူဟောင်း လက်စ်ကော့ က အာဆင်နယ် အသင်း ရဲ့တိုက်စစ် ကစားသမား ဟာဗတ်ဇ် ဟာ သူနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုကို မရတဲ့ ကစားသမားလို့ ဆိုလိုက်ပြီး ဘာဘာတောဗ့်လက်သစ် လို့ တင်စား သွားခဲ့ပါတယ် ။
” အာဆင်နယ် ပရိသတ်တွေက နံပါတ် ၉ ပုံစံပေါက်တဲ့ တိုက်စစ်မှုးမျိုး လိုချင်နေကြတာက ဟာဗတ်ဇ် နံပါတ် ၉ နေရာမှာ ကစားတာကို အသိအမှတ်မပြုတဲ့ ပုံစံ ပေါက်နေပါတယ် ။ သူ့ရဲ့ဟန်ပန် ၊ စွမ်းဆောင်ရည်ကို ကြည့်ရင်ဘာဘာတောဗ့် နဲ့ သိပ်ပြီး ကွာခြားတာ မရှိပါဘူး ၊ သူက ဘောလုံး နဲ့ အတူ အဝေးကြီးလည်း ပြေးနိုင်သလို နည်းစနစ်လည်း ကြွယ်ပါတယ် ၊ ဂိုးလည်း သွင်းနိုင်ပါတယ် ၊ ဂိုးရှေ့မှာ သက်သောင့် သက်သာပါပဲ ။ ”

အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း မာတင်ကီယွန် ကလည်း ဟာဗတ်ဇ် ရှိနေတာကြောင့် သူ့ရဲ့ အသင်းဟောင်းမှာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦး မလိုအပ်ဘူးလို့ ဆိုသွား ခဲ့ပါတယ် ။ ” အာဆင်နယ် အသင်း တိုက်စစ်မှူး လိုအပ်နေတယ် ဆိုတဲ့ စကားတွေကို ကျနော် လက်မခံပါဘူး ၊ အဲ့လို ပြောတဲ့သတင်းသမားတွေကို ကျနော် ကတော့ အထင်မကြီးပါဘူး ။ ”
” အာဆင်နယ် က ပရီးမီးယားလိဂ်မှာဆို ဒုတိယမြောက် ဂိုးအများဆုံး သွင်းထားခဲ့တဲ့ အသင်းပါ ။ အဆုံးသတ်မှာ မန်စီးတီး က ကပ်သီးလေး ကျော်တက်သွားခဲ့တာပါ ၊ ဒါပေမဲ့ အာဆင်နယ် အသင်း လုံလောက်တဲ့ သွင်းဂိုးတွေ သွင်း နိုင်ခဲ့ပါတယ် ၊ ဟာဗတ်ဇ် က အသင်းမှာရော နိုင်ငံအသင်းမှာပါ သူ့ရဲ့ ပုံစံကောင်း ကို ပြန်ရနေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM