
လက်စတာ နှင့် စပါး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လက်စတာစီးတီးအသင်းက နည်းပြအပြောင်းအလဲဖြစ်ထားတယ်။ အသင်းကတော့ အဝင်အထွက်နည်းတယ်။ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒူးစ်ဘူရီဟောလ်ကို နည်းပြ မာရက်စကာက ချယ်လ်ဆီးဆီကို ဆွဲခေါ်သွားပြီး အသင်းရဲ့အဝင်ထဲမှာလည်း ဖာတာဝူတစ်ဦးပဲ အသင်းကြီးအတွက်ဝင်လာတဲ့ပုံစံဖြစ်တယ်။ စပါးက အရမ်းအားကောင်းတဲ့အသင်း မဟုတ်ပေမဲ့ လက်စတာကိုတော့မရှုံးနိုင်ဘူး။ စပါးကိုပဲ ကြိုက်တယ်။
လက်ချီ နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)
အတ္တလန်တာက ရီးယဲလ်နဲ့ ဥရောပစူပါဖလားကစားထားရပြီး စီးရီးအေအဝေးကွင်းပွဲ စကစားရမယ်။ အတ္တလန်တာရဲ့ လက်ရှိခြေစွမ်းက အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ မနှစ်ကလို ပုံစံကောင်း ပြန်ရနိုင်ဖို့တော့ မသေချာသေးဘူး။ အိမ်ရှင် လက်ချီကို ရွေးချယ်ချင်တယ်။
ဂျူဗင်တပ်စ် နှင့် ကိုမို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
နည်းပြ မော့တာရဲ့ ဂျူဗင်တပ်စ်က ခြေစမ်းပွဲ နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တယ်။ မော့တာရဲ့ အပြောင်းအလဲတွေက မျှော်လင့်စရာကောင်းပေမဲ့ အချိန်တစ်ခုတော့ လိုအပ်ဦးမယ်ထင်တယ်။ ကိုမိုကလည်း နည်းပြသစ် ဖာဘရီဂတ်စ်နဲ့ ပြင်ဆင်မှုအများအပြားပြုလုပ်ထားတယ်။ ဂျူဗင်တပ်စ်အတွက် မထင်မှတ်ဘဲ ခက်ခဲသွားနိုင်တယ်။ ဂျူဗင်တပ်စ်နိုင်ရင်တောင် ဂိုးမပြတ်နိုင်လို့ ကိုမိုနဲ့ အရဲစွန့်ချင်တယ်။
ဗယ်လာဒိုလစ် နှင့် အက်စ်ပန်ညို (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)
တန်းဆင်းအတူ၊ တန်းပြန်တက်တော့လည်းအတူတူ။ ဒီနှစ်သင်းရဲ့အင်အားချင်းကလည်းသိပ်မကွာလှဘူး။ ဗယ်လာဒိုလစ်က အိမ်ကွင်းအားကောင်းပြီး အက်စ်ပန်ညိုက အဝေးကွင်း စိတ်မချရလို့ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲရွေးမယ်။
ဗီလာရီးယဲလ် နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂းဝ၀ နာရီ)
(၂)သင်းစလုံး ပြန်ပြင်ဆင်တည်ဆောက်နေဆဲကာလမှာပဲ ရှိနေကြသေးတယ်။ ဗီလာရီးယဲလ်ဆိုရင် ကစားသမားကောင်းတွေ အတော်များများကို လက်လွှတ်ထားရလို့ အသင်းကို ရှိတဲ့အင်အားနဲ့ ပြန်တည်ဆောက်နေရတယ်။ အက်သလက်တီကိုကလည်း အပြောင်းအရွှေ့စျေးကွက်မှာ အကောင်းဆုံးလှုပ်ရှားထားနိုင်ပေမဲ့ အသင်းလိုက်စုဖွဲ့နိုင်ဖို့တော့အချိန်ပေးထားရဦးမယ်။ ဒါကြောင့် (၂)သင်းစလုံးအနေအထားချင်းက မကွာလှပါဘူး။ ဂိုးနည်းသရေပွဲလို့ပဲမှန်းထားချင်တယ်။