Sports Myanmar

လှုပ်ခတ်လာတဲ့ ဂန်းနားတို့ရဲ့ အပြောင်းအရွှေ့သတင်းများ နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ

 

၁။ ဗလာဒိုးလစ် အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ ကားလ်ဟိန်းဟာ မနေ့က အက်စ်ပန်ညို အသင်း နဲ့ ပွဲမှာ ပထမဦးဆုံး ပွဲထွက် ကစားခဲ့ပြီး ဂိုးပေါက် ကာကွယ်မှု ၂ ကြိမ် နဲ့ အတူ Clean-Sheet ရရှိ သွားခဲ့ပါတယ် ။ ဟိန်း ရဲ့ ဂိုးပေါက် ကာကွယ်မှု ၂ ကြိမ်စလုံးဟာ ဂိုးဧရိယာ အတွင်း ကန်ချက်တွေကို ကာကွယ် ခဲ့တာ ဖြစ်ပါတယ်။

၂။ အာဆင်နယ် အသင်း ကစားသမားဟောင်း ဖြစ်တဲ့ မက်ဂင်းနစ် ဟာ ကာဒစ်ဖ်စီးတီး အသင်းကနေ လူတန်တောင်း အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး sell-on Clause အရ အာဆင်နယ် အသင်းဟာ ပေါင် ၂.၅ သန်း ဝန်းကျင် ရရှိဖွယ် ရှိနေပါတယ် ။

၃။ အာဆင်နယ် အသင်းဟာ အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာ နဲ့ နှုတ်အားဖြင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ ရိုမာနို က ဖော်ပြ လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် ထွက်ခွာပါက ဂါစီယာ နဲ့ ပြန်လည် အစားထိုးဖို့ စီစဉ် နေတာ ဖြစ်ပြီး ခုချိနိထိတော့ အက်စ်ပန်ညို အသင်းထံ တရားဝင် ကမ်းလှမ်းမှု လုပ်ရခြင်း မရှိသေးပါဘူး ။

၄။ ဝုလ်ဗာဟမ်တန် အသင်းဟာ အာဆင်နယ် အသင်း ဂိုးသမား ရမ်စ်ဒေးလ် ရဲ့ လစာ ပမာဏ အတော်များများကို ပေးချေပြီး အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့ ကမ်းလှမ်း ခဲ့တယ်လို့ ဒေး‌ဗစ်အော်စတိန်း က ဆိုပါတယ် ။ ဒါပေမဲ့ အာဆင်နယ် ဘက်က လက်ခံနိုင်တဲ့ ကမ်းလှမ်းမှုမျိုးတော့ မဟုတ်သေးဘဲ ကလပ် နှစ်သင်းကြား ဆက်လက် ဆွေးနွေး နေဆဲ ဖြစ်ပါတယ် ။ အာဆင်နယ် အနေနဲ့ ရမ်စ်ဒေးလ် အတွက် အငှားကြေး ပေါင် ၆ သန်း အလို ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ် ။

၅။ နော်တင်ဟမ်ဖောရက်စ် အသင်းဟာ အန်ကီးတီးယား ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပြီး ဖောရက်စ် တို့ရဲ့ ပေါင် ၂၅ သန်း နဲ့ ပထမ အကြိမ် ကမ်းလှမ်းမှုကိုတော့ ပယ်ချ ထားပါတယ် ။ တချို့ သတင်းတွေမှာ ဖောရက်စ် ဟာ အန်ကီးတီးယား ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ ဆိုနေကြပြီး အင်္ဂလန်သား အနေနဲ့ အသင်းဖော်တွေကိုတောင် နှုတ်ဆက် စကား ဆိုပြီး ဖြစ်တယ်လို့ သိရပါတယ် ။

၆။ Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ ဂယ်ရီနဗီးလ် က ဒီနှစ် ဘောလုံး ရာသီမှာ အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပြီး စောင့်ကြည့်ရမယ့် ကစားသမား အဖြစ် တင်ဘာကို ရွေးချယ် သွားခဲ့ပါတယ် ။

၇။ ဖာဘရစ်ဇီယို ရိုမာနိုက ဒီတစ်ပတ်ထဲမှာ မီရင်နို တစ်ယောက် အာဆင်နယ် အသင်း ရဲ့ တရားဝင် ကစားသမား ဖြစ်လာလိမ့်မယ်လို့ Jacobs Ben နဲ့ တွေ့ဆုံမှုမှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar