
မာတယ်လေညိုကို အံဩစေတာက ဘရူနိုဖာနန်ဒက်စ် ဘောလုံးထိလိုက်တဲ့ အခိုက်အတန့်တိုင်းပဲ ဖြစ်လိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မအံ့ဩစေဘူးလို့လည်း ဆိုနိုင်ပြန်တယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနည်းငယ်မျှပဲ ပြောင်းလဲသွားခြင်းကြောင့်ပါပဲ။ ဘရူနိုဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဒီလိုအဆင့်ကို ရောက်ဖို့ နေနေသာသာ၊ ပေါ်တူဂီလိဂ်မှာတောင် ထင်ပေါ်ပါ့မလားလို့ သံသယဖြစ်ခံခဲ့ရတဲ့ ပေါ်တူဂီအသင်းငယ်လေးရဲ့ အကယ်ဒမီလူငယ်လေးပါ။