Sports Myanmar

လွတ်ခ်မန်း အတွက် ခီဗီယော ကို အလိုက်ပေးဖို့ စီစဉ်နေတဲ့ သတင်း အပါအဝင် နောက်ဆုံးရ အာဆင်နယ် သတင်းများ

 

အာဆင်နယ် အသင်းဟာ အတ္တလန်တာ အသင်း ရဲ့ဝောာင်ပံ တိုက်စစ် ကစားသမား လွတ်ခ်မန်း ကို ယူရို သန်း ၅၀ + ခီဗီယော ကို အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ အီတလီ က သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။ အတ္တလန်တာ အသင်းကတော့ လွတ်ခ်မန်း အတွက် ယူရို သန်း ၇၀ အလို ရှိနေပါတယ် ။

အန်ကီးတီးယား ဟာ နော်တင်ဟမ်ဖောရက်စ် အသင်း နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။ အန်ကီးတီးယား အ‌တွက် အာဆင်နယ် နှင့် နော်တင်ဟမ်ဖောရက်စ် တို့ရဲ့ ဆွေးနွေးမှု ဟာလည်း နောက်ဆုံး အဆင့်ကို ရောက်ရှိ နေပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ကတော့ ပေါင် သန်း ၃၀ ဝန်းကျင် ဖြစ်ဖွယ် ရှိပါတယ် ။

မီရင်နို အတွက် အာဆင်နယ် နှင့် ဆိုစီဒက် တို့ဟာ လန်ဒန်မှာ တိုက်ရိုက် ပြောဆို နေကြပြီး ကစားသမား ဘက်ကလည်း ထွက်ခွာခွင့် ပေးဖို့ တောင်းဆို ထားပြီး ဖြစ်ပါတယ် ။ အသေးစိတ် အချက်အလက်တွေ သဘောတူညီမှု ရရှိပြီးပါက မီရင်နို ဟာ အာဆင်နယ် ကစားသမား ဖြစ်လာတော့မှာပါ။

အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် ကို ဝုလ်ဗာဟမ်တန် အသင်းထံ ပေါင် ၂၅ သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့ အငှားချတော့မှာ ဖြစ်တယ်လို့ Mirror သတင်းထောက် John Cross က ရေးသား ဖော်ပြ လိုက်ပါတယ် ။

အာတီတာ ဟာ အာဆင်နယ် အသင်း နဲ့ မကြာခင် ကာလ ရှည်ကြာ စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ Sky Sports က ဆိုလိုက်ပါတယ် ။ အာတီတာ ၊ အီဒူး ၊ ခရွန်ကီ မိသားစု ကြားက ဆက်ဆံရေး ဟာ အင်မတန် ကောင်းမွန်းလွန်းတာကြောင့် စာချုပ်သစ် ကိစ္စ အထူးတလည် ဆွေးနွေး ပြောဆိုစရာတောင် မလိုအပ်တဲ့ အနေအထား ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ အိုဆီမန်း ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်နေပြီး နာပိုလီ ဘက်က အနည်းဆုံး ယူရို သန်း ၁၀၀ ဝန်းကျင် နဲ့ ကမ်းလှမ်း လာပါက လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar