Sports Myanmar

ချဲလ်ဆီး အသင်း ရောင်းထုတ်ချင်နေတဲ့ ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ပေါလ်စခိုးလ်

 

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် ကတော့ ချဲလ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား စတာလင် ဟာ အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက် ကို အသက်သွင်း ပေးနိုင်မယ့် ကစားသမားမျိုး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

နည်းပြသစ် မာရက်စ်ကာ လက်ထက်မှာ စတာလင် ရဲ့ ချဲလ်ဆီး ကစားသမား ဘဝဟာ အဆုံးသတ် သွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပီး မန်စီးတီး နဲ့ ပွဲ အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိသလို အသင်းကြီး ရဲ့ လေ့ကျင့်ရေး အစီအစဉ်ကနေလည်း ချန်လှပ် ခံခဲ့ရပါတယ် ။

ဒ့ါအပြင် ချဲလ်ဆီး အသင်းဟာ စတာလင် ရဲ့ ကျောနံပါတ် ၇ ကို ကစားသမားသစ် နက်တို ကို ပေးလိုက်တာကြောင့် အသင်းမှာ သူ့ရဲ့ အနာဂတ် က မရှိဝောာ့ဘူး ဆိူတာ ပိုမိုသေချာ သွားစေခဲ့ပါတယ် ။ လက်ရှိမှာ ဗီလာ နှင့် ပဲလေစ့် တို့ဟာ စတာလင်ကို ခေါ်ယူဖို့ ဆွေး‌နွေး နေကြပြီး ပေါလ်စခိုးလ် ကတော့ အာဆင်နယ် အသင်း အနေနဲ့ စတာလင် ကို ခေါ်ယူ သင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ် ။

” စတာလင် က အာဆင်နယ် အသင်း လူစာရင်းကို အားကောင်းစေမယ့် ကစားသမားပါ ။ သူ့ကြောင့် အသင်းက ပိုကောင်းလာမယ်လို့ မထင်သလို သူ ပွဲထွက်ခွင့် ရမယ်လို့လည်း မထင်ပါဘူး ၊ ဒါပေမဲ့ အသင်းမှာက ကစားသမား အရေအတွက် လုံလုံလောက်လောက် ရှိဖို့ လိုပါတယ် ၊ ၁၆ ယောက် ၁၇ ယောက် လိုပါတယ် ၊ ကစားသမားကောင်းက ၁၂ ၁၃ ၁၄ ယောက်လောက်ပေါ့ ။ ”

” ကစားသမား‌ကောင်းတွေသာ ကြံ့ခိုင်မှု ပြည့်နေရင် အသင်းအတွက် သိပ်ကောင်းတာပေါ့ဗျာ ။ ဒါပေမဲ့ အသင်း ရဲ့ လူစာရင်း အနေအထားကို ထဲထဲဝင်ဝင် ကြည့်ဖို့ လိုပါတယ် ၊ စတာလင် က အာဆင်နယ် အသင်းရဲ့ ကစားသမား အင်အား အတွက် ကောင်းမွန်တဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar