Sports Myanmar

မနှစ်က နှစ်ကျော့စလုံး ရှုံးထားတဲ့ ဗီလာ ကို အာဆင်နယ်ဒီနှစ်လည်း ထပ်မနိုင်နိုင်ဘူးလို့ သုံးသပ်လိုက်တဲ့ အလန်ရှီးယား

 

နယူးကာဆယ် အသင်း နှင့် အင်္ဂလန် အသင်း ရဲ့ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား က ဒီတစ်ပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၂) တွင် အာဆင်နယ် အသင်း ရှူံးပွဲ ကြုံတွေ့ ရလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

ဒီရာသီမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းထဲ ပါဝင် နေတဲ့ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာတော့ နည်းပြ‌ဟောင်း အမ်မရီ ရဲ့ အက်စတန်ဗီလာ အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ဗီလာ အသင်းဟာ မနှစ်က အာဆင်နယ် အသင်းကို နှစ်ကျော့စလုံး အနိုင် ကစားပြီး ဂန်းနားတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို နှောင့်ယှက် ထားခဲ့တဲ့ အသင်းပါ ။

အာဆင်နယ် အသင်းဟာ အဖွင့် ပွဲစဉ်မှာ ဝုလ်ဗာဟမ်တန် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရပြီး အဖွင့်လှ ထားခဲ့သလို အက်စတန်ဗီလာ အသင်းကလည်း ဝက်စ်ဟမ်း ကို ၁-၂ နဲ့ အနိုင် ရထားပါတယ် ။ ဒီတစ်ပတ် ဗီလာပါခ့် မှာ ကစားမယ့် ပွဲစဉ် နဲ့ ပတ်သက်ပြီး အလန်ရှီးယား က ” ဒီပွဲက စောင့်ကြည့်ရမယ့် ပွဲပါပဲ ။ မနှစ်က ဗီလာ နဲ့ ပွဲက အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ ဖြစ်ခွင့်ကို သက်ရောက်မှု ရှိစေခဲ့ပါတယ် ။ ဒါကြောင့် ဒီပွဲက စိတ်ဝင်စားစရာ ကောင်းတာပါ ။ ”

LONDON, ENGLAND – APRIL 23: Alan Shearer speaks during the Premier League Hall of Fame 2024 Inductions event at HERE at Outernet on April 23, 2024 in London, England. (Photo by Tom Dulat/Getty Images for Premier League)

” အက်စတန်ဗီလာ ကွင်းမှာ ကစားရမှာက အာဆင်နယ် အတွက်တော့ တကယ့်ကို ခက်ခဲပါလိမ့်မယ် ။ ဗီလာ က အာဆင်နယ် ရဲ့ ချန်ပီယံ ဖြစ်ခွင့် အိပ်မက်ကို ထပ်မံ ထိုးနှက်ဖို့ အဆင်သင့်ဖြစ် တက်ကြွနေမယ် ထင်ပါတယ်၊ အက်စတန်ဗီလာ ထပ်လုပ်နိုင်မယ်လို့ ထင်ပါတယ် ၊ ဂိုးမရှိ သရေကျရင်လည်း အံ့ဩမိမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်ကတော့ အိမ်ကွင်းမှာ အက်စတန်ဗီလာ ပဲ နိုင်လိမ့်မယ်လို့ ခန့်မှန်း ချင်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar