
တန်ဟက်ဂ်ရဲ့ မန်ယူဟာ ရာသီအစနှစ်ပွဲ မြောက်မှာပဲ အရှုံးအရသာကို မြည်းစမ်းလိုက်ရပါပြီ။ ခံစစ်အတွက် ပေါင်သန်း (၁၂၀)သုံးပြီး ပြင်ဆင်ထားပေမယ့် ဘရိုက်တန်ရဲ့ ဒုတိယဂိုးမှာ မန်ယူခံစစ်ရဲ့ ရယ်ရွှင်ဖွယ်ရာအမှားကို မြင်ခဲ့ရတယ်။ ဘရိုက်တန်နဲ့ပွဲက မန်ယူရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ စိတ်ပျက်စရာကောင်းခြင်းစတာတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။