Sports Myanmar

ဒဏ်ရာ ရသွားတဲ့ ကာလာဖီအိုရီ နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ

၁။ အာဆင်နယ် အသင်း ရဲ့ နောက်ခံလူ ကာလာဖီအိုရီ ဟာ ပြင်သစ် အသင်း နဲ့ ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲမှာ ဒမ်ဘီလီ ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာ ရသွားခဲ့ပါတယ် ။ ကာလာဖီအိုရီ ဟာ ပြင်သစ် နဲ့ ပွဲမှာ ပုံစံကောင်း ပြသ နိုင်ခဲ့ပြီး ဘောလုံး ပေးပို့မှု ၆၄ ကြိမ် အထိ အောင်မြင်ခဲ့ကာ အဝေးဘော ပေးပို့မှုမှာလည်း ရာနှုန်းပြည့်တိကျ အောင်မြင် ခဲ့ပါတယ် ။ အီတလီ ဆေးအဖွဲ့ကတော့ ကာလာဖီအိုရီ ရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာမရှိဘဲ နောက်ပွဲမှာ ပြန်လည် ပါဝင်နိုင်မယ်လို့ အတည်ပြု ထားပါတယ် ။

၂။ အာဆင်နယ် အသင်း ရဲ့ ဩဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမား‌ဆုကို ဘူကာရို ဆာကာ က ပရိသတ် မဲပေးမှု ၄၂ ရာခိုင်နှုန်း နဲ့ ရရှိ သွားခဲ့ပါတယ် ။ ဆာကာ ဟာ အာဆင်နယ် အတွက် ဩဂုတ်လ အတွင်း ၃ ပွဲ ကစား ၁ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

၃။ နာမည်‌ကျော် သတင်းထောက် Charles Watts က တိုက်စစ်မှူး ဂျေးဇု ဟာ နိုင်ငံတကာ ပြိုင်ပွဲကာလ အတွင်း အသင်း နဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ ရှိနေပြီး စပါးနဲ့ ပွဲမှာ ပြန်လည် ပါဝင် လာနိုင်ချေ ရှိတယ်လို့ ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

၄။ အာဆင်နယ် အသင်းရဲ့ data team ဟာ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ဘရန်းဖိုဒ့် အသင်းရဲ့ တိုက်စစ် ကစားသမား အမ်ဘူမို ကို ခေါ်ယူဖို့ စဉ်းစား အကြံပေးခဲ့ပေမယ့် နွေရာသီမှာ ခေါ်ယူဖို့ ဖြစ်နိုင်ချေ မရှိ ခဲ့တာကြောင့် လက်လျော့ခဲ့ရတယ်လို့ Daily Mail ရဲ့ဖော်ပြချက် အရ သိရပါတယ် ။

၅။ အာဆင်နယ် အသင်းဟာ ဘာစီလိုနာ အသင်း ရဲ့ တောင်ပံ ကစားသမား ရာဖင်ညာ နှင့် ဗီလာ ကို ရောက်သွားတဲ့ အိုနာနာ ကို ခေါ်ဖို့ ကြိုးပမ်း ခဲ့ပေမယ့် ကစားသမား နှစ်ဦး စလုံး က ပွဲထွက်ခွင့် အတွက် အာမခံချက် ပေးဖို့ တောင်းဆိုခဲ့ပြီး အာဆင်နယ် ဘက်က မပေးနိုင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

၆။ အာဆင်နယ် အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ကတော့ ဘရိုက်တန် နဲ့ ပွဲမှာ သူ ဒဏ်ရာ ရခဲ့ပေမယ့် အခု အချိန်မှာတော့ ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ လေ့ကျင့်ခန်း ပြင်ဆင်း နိုင်နေပြီ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။အော်ဒီဂတ် ဟာ ကာဇက်စတန်နဲ့ ပွဲမှာလည်း နော်ဝေ အတွက် ပွဲချိန်ပြည့် ကစားခဲ့ပြီး Fotmob rating 8.6 အထိ ရခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar