
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အာဆင်နယ် အသင်းဟာ ပထမဆုံးအကြိမ် အဖြစ် မြောက်လန်ဒန်ဒါဘီ ပွဲမှာ အဝေးကွင်းကွင်း ဝတ်စုံ အနက်ရောင်ကို ဝတ်ဆင် ကစားရမယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ပရီးမီးယားလိဂ် နှင့် PGMOL တို့က အာဆင်နယ် အသင်း အိမ်ကွင်း ဝတ်စုံမှာ အဖြူများနေတာကြောင့် မြောက်လန်ဒန်ဒါဘီ တွင် အဝေးကွင်း ဝတ်စုံကို ဝတ်ဆင် ကစားစေတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းကနေ အငှားထွက် ကစားနေကြတဲ့ ဗီအဲရာ နှင့် လိုကွန်ဂါတို့ နှစ်ဦးစလုံးဟာ ဒဏ်ရာ အသီးသီး ရရှိ သွားခဲ့ကြတာကြောင့် ကာလ အနည်းငယ်ကြာ အနားယူ ရတော့မှာ ဖြစ်ပါတယ် ။ ဗီအဲရာ ဟာ ညာဘက်ပေါင်ခြံ ဒဏ်ရာ ရရှိ သွားခဲ့တာဖြစ်ပီး လိုကွန်ဂါကတော့ တံကောက်ကြော ဒဏ်ရာ ရရှိ သွားခဲ့တာပါ ။

အင်္ဂလန် အသင်း နည်းပြ လီကာစလေ က ဘန်ဝှိုက် ရဲ့ လက်ရွေးစင် ကစားသမား ဘဝ အနာဂတ် နဲ့ ပတ်သက်ပြီး ” ကျနော် သူ နဲ့ စကားပြောဖို့ အစီအစဉ် မရှိပါဘူး ။ ကျနော် သိထားသလောက် သူ့ဘက်က လက်ရွေးစင် အသင်းမှာ သူ့ကို မရွေးဖို့ တောင်းဆို ထားဝာာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
မာတင် အော်ဒီဂတ် ဟာ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ အဖြေကို စိုးရိမ်တကြီး နဲ့ စောင့်ဆိုင်း နေပြီး မြောက်လန်ဒန် ဒါဘီ ပွဲကို လွဲချော်ဖို့ သေချာသလောက် ရှိနေပါတယ် ။ နော်ဝေ က သတင်းတွေ အရတော့ အော်ဒီဂတ် ဟာ တစ်လလောက် အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ် ။

Premier League’s Independent Key Match Incidents က ဘရိုက်တန် နဲ့ ပွဲက ရိုက်စ် ရဲ့ အနီကဒ် ဆုံးဖြတ်ချက်မှာ ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် ဟာ မှန်ကန်ကြောင်း ထောက်ခံလိုက်ပါတယ် ။ KMI က ရိုက်စ် ဟာ ဘောလုံး ကို အသာလေး ထိလိုက်ပေမယ့် ဒိုင်လူကြီး က မြင်သွားခဲ့ချိန်မှာတော့ အဝါပြဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိကြောင်း သုံးသပ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဗလန်စီယာ အသင်း ရဲ့ လူငယ် ကွင်းလယ်လူ Javi Guerra ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ် ။ Javi Guerra ဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ ရှိနေပေမယ့် ဗလန်စီယာ အသင်းဘက်က ယူရို သန်း ၃၀ ရရင် ရောင်းချဖို့ ဆန္ဒ ရှိနေပါတယ် ။ Javi Guerra ကလည်း အာတီတာကြောင့် အာဆင်နယ် ကို ပြောင်းဖို့ ဆန္ဒ ပြင်းပြ နေပါတယ် ။
SM