Sports Myanmar

ဒီတစ်ပတ် မှာ ကစားမယ့် မန်စီးတီး Vs အာဆင်နယ် ပွဲအပေါ် ခန့်မှန်း သုံးသပ်လိုက်တဲ့ အလန်ရှီးယား

” အာဆင်နယ် အသင်းထံ မနှစ်ကလို အီတီဟက် မှာ သရေ တစ်မှတ် ရယူမလား လို့ ကမ်းလှမ်းရင် အာဆင်နယ် ဘက်က ကမ်းလှမ်းမှုကို ပယ်ချ ပါလိမ့်မယ် ။ အာဆင်နယ် အနေနဲ့ ‌သရေ တစ်မှတ်ထက် အနိုင်ရဖို့ပဲ သွားပါလိမ့်မယ် ။ အာဆင်နယ် အသင်း က ခံစစ် ကစားတာ အတော်လေး ကောင်းပါတယ် ။ ”

” အာဆင်နယ် အသင်း ရဲ့ ခံစစ်လေးယောက်တန်း က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး လို့ ကျနော် ကတော့ ယုံကြည်ပါတယ် ။ သူတို့ရဲ့ စုစည်းမှု ၊ သူတို့ ရှေ့မှာ သူတို့ကို ကာကွယ်ပေးထားတဲ့ ကစားသမားတွေရဲ့အားကောင်းမှုတွေကို ခင်ဗျားတို့ အားလုံး တွေ့ကြမှာပါ ။ ”

” ဆလီဘာ က တကယ် ကောင်းတဲ့ ထိပ်တန်း နောက်ခံလူ တစ်ဦးပါ ၊ ဆလီဘာ နှင့် ဟာလန်း တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုက တကယ့်ကို စောင့်ကြည့်ချင်စရာ ကောင်းပါလိမ့်မယ် ။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ဦး နှင့် ကမ္ဘာ့အကောင်းဆုံး ခံစစ် ကစားသမား တစ်ဦး ထိပ်တိုက်တွေ့မယ့်ပွဲက တကယ့်ကို အကြိတ်အနယ် ရှိပြီး မိုက်မယ့် တိုက်ပွဲပါ ။

” ပွဲကို ဘယ်သူ အနိုင်ရမလဲ ဆိုတာ ဟာလန်း နှင့် နောက်ခံလူ နှစ်ဦး ရဲ့ တိုက်ပွဲ ကနေ အဖြေပေါ်ပါလိမ့်မယ် ။ ကျနော် ကတော့ သရေ ပွဲလို့ပဲ မှန်းချင်ပါတယ် ၊ နှစ်သင်းစလုံး က ကြားရက်မှာ ချန်ပီယံလိဂ်ပွဲတွေ ကစားထားရပါတယ် ၊ သရေ ရလဒ် က နှစ်သင်းစလုံး အတွက် ဆိုးရွားတဲ့ ရလဒ် မဟုတ်ပါဘူး ၊ မန်စီးတီး အသင်း ရဲ့ အိမ်ကွင်းမှာ ကစားရပေမယ့်ပေ့ါ ။ ”

SM

မူရင်းသတင်း — Sports Myanmar