Sports Myanmar

သူ့ခေါင်းကို ဘောလုံး နဲ့ ပစ်ပေါက်ခဲ့တဲ့ ဟာလန်း ရဲ့ အပြုအမှု အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ ဂါဘရီယဲလ်

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာစီးတီး အသင်း နှင့် အာဆင်နယ် အသင်းတို့ပွဲဟာ အငြင်းပွားစရာတွေ များခဲ့သလို ပွဲချိန်အတွင်း နှင့် ပွဲအပြီးမှာလည်း နှစ်ဖက် ကစားသမားတွေရဲ့ အပြန်အလှန် စကားစစ်ထိုးမှုတွေ ရှိနေကြပါတယ် ။

အာဆင်နယ် အသင်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂ‌နွေနေ့မှာ အီတီဟက် မှာ ဆယ်စုနှစ် တစ်ခုကြာ နိုင်ပွဲ ပျောက်ဆုံးနေမှု အပေါ် ရပ်တန့်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေခဲ့ပေမယ့် ဂျွန်စတုန်း ရဲ့ နောက်ဆုံး မိနစ် ချေပဂိုးကြောင့် သရေ တစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ် ။

စတုန်း ချေပဂိုး သွင်းအပြီးမှာ မန်စီးတီး တိုက်စစ်မှူး အာလင် ဟာလန်း ဟာ အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် ရဲ့ ခေါင်းကို ဘောလုံး နဲ့ ပစ်ပေါက်ခဲ့ပေမယ့် ဒိုင်လူကြီး က အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ် ခဲ့ခြင်း မရှိပါဘူး ။ အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် ကတော့ ဟာလန်း ရဲ့ အပြုအမူ နဲ့ ပတ်သက်ပြီး ” ကျနော် မသိလိုက်ပါဘူး ၊ မှတ်လည်းမမှတ်မိပါဘူး ။ ဒါက ပုံမှန် ဖြစ်နေကြ အရာပါပဲ ။ ”

” ဒါပေမဲ့ သရေ တစ်မှတ် ရအောင်ယူနိုင်ခဲ့တဲ့ သူတို့ကို ဂုဏ်ပြု ချင်ပါတယ် ။ ကျနော် ပြောခဲ့သလိုပဲ တစ်ယောက် နှင့် တစ်ယောက် ဒေါသူပုန်ထတာတွေ ၊ ရန်ပွဲတွေက ဒီလိုပွဲမျိုးမှာ ပုံမှန်ပါပဲ ၊ ဒါက ဘောလုံး ပွဲရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ ၊ အခု ပြီးသွားပါပြီ ၊ အခုတော့ ကျနော်တို့ အိမ်ကွင်းမှာ သူတို့ကို ရင်ဆိုင်ဖို့ စောင့်‌နေပါတယ် ။ ”

” အသင်း နှစ်သင်းရဲ့ ပြိုင်‌ဆိုင်မှုက အမြဲတည်ရှိနေမှာ ဖြစ်သလို တစ်နှစ်ထက်တစ်နှစ် ပိုပြင်းထန်လာမှာပါ ။ ကျနော်တို့ အနေနဲ့ သူတို့ရဲ့ အရည်အသွေးကို သိသလို ကျနော်တို့ အရည်အသွေးကိုလည်း သူတို့ သိပါတယ် ။ ကျနော်တို့ အနေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ပိုမို တိုးတက် ကောင်းမွန်လာသလို သင်ယူရမယ့် အရာတွေကိုလည်း ဆက်လက် သင်ယူရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar