Eleven Media Group

Ballon d'Or ဂယက်

Photo : AFP

Ballon d'Or ဆုကို ဗင်နီစီယပ်စ် ရမယ်လို့ ရီးယဲလ်အသိုင်းအဝိုင်းက အပိုင်တွက်ခဲ့တယ်။ ရီးယဲလ်ပရိသတ်တွေ ဘုရားဟောသလို မှတ်ယူခဲ့တယ်။ စပိန်မီဒီယာတွေက ဗင်နီစီယပ်စ်ရပြီဆိုပြီး ကြိုတင်ဖော်ပြခဲ့တယ်။ ဆုပေးပွဲရက်မှာ အဲဒီမျှော်လင့်ချက်၊ ထင်မြင်ယူဆချက်၊ ပျော်ရွှင်ဖွယ်ရာခံစားချက်အားလုံး အရည်ပျော်ကျသွားတယ်။ ဗင်နီစီယပ်စ် မရေတာ့ဘူး၊ ရိုဒရီရမယ်ဆိုပြီး သတင်းတွေထွက်လာတဲ့အခါ ရီးယဲလ်အသိုင်းအဝိုင်းက Ballon d'Or ဆုပေးပွဲကို ပုန်ကန်ခဲ့ပါပြီ။ ဆုပေးပွဲမတက်ဘဲ ကန့်ကွက်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group