
မက်ဒရစ်၊ နိုဝင်ဘာ ၂၁ရက် (ဆင်ဟွာ)
နောက်ခံကစားသမား ဇာဗီအက်စ်ပတ်သည် အသင်းတွင် ၂၀၃၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက နိုဝင်ဘာ ၂၀ ရက်က အတည်ပြုခဲ့သည်။
"ဇာဗီအက်စ်ပတ်က စာချုပ်သစ်လက်မှတ်ရေးထိုးခဲ့ပြီး အက်ဖ်စီဘာစီလိုနာအသင်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါဟာ ပထမအသင်းလူစာရင်းမှာပါဝင်လာပြီးနောက်ပိုင်း နောက်ခံအစွန်လူနေရာမှာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာတဲ့ မကြာသေးမီလတွေအတွင်း ၎င်းရဲ့လျင်လျင်မြန်မြန် တိုးတက်လာမှုကို ယခုစာချုပ်သစ်က ပိုမိုခိုင်မာစေခဲ့တာဖြစ်ပါတယ်" ဟု အသင်း၏ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသည့် အသက် ၁၉ နှစ်အရွယ် အဆိုပါကစားသမားသည် ၂၀၂၅-၂၆ ခုနှစ် ဘောလုံးရာသီအတွင်း နယူးကာဆယ်ယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ပထမအသင်းအတွက်ပွဲဦးထွက်ကစားခဲ့ပြီး ယခုရာသီအစတွင်လည်း စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ပထမအသင်းလူစာရင်း၌ အခိုင်အမာနေရာရယူနိုင်ခဲ့သည်။ ၎င်းသည် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ထိပ်တိုက်တွေ့ဆုံမှုရာ၌ရှုံးနိမ့်ခဲ့ရသည့် အောက်တိုဘာ ၂၅ ရက်က Clasico ပွဲစဉ်တွင် ဒဏ်ရာမရရှိမီအထိ ယခုရာသီအတွင်း ပထမအသင်းအတွက် ၉ ပွဲ ပါဝင်ကစားခဲ့သည်။
“ကျွန်တော်ငယ်ငယ်ကတည်းက Barca အသင်းမှာကစားဖို့ အိပ်မက်ရှိခဲ့တာပါ၊ ကလေးဘဝကတည်းက Barca ပရိသတ်ဖြစ်ခဲ့ပြီး အားကစားကွင်းကိုလည်း အမြဲသွားလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ဂျာစီကိုတောင် အိမ်မှာဘောင်သွင်းပြီးသိမ်းထားပါတယ်” ဟု အက်စ်ပတ်က ဘာစီလိုနာအသင်းမီဒီယာအဖွဲ့နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ထို့အပြင် မိမိ၏ကစားသမားဘဝတစ်လျှောက်လုံးကို အသင်း၌သာကုန်ဆုံးလိုကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အက်စ်ပတ်သည် ၂၀၂၆ ခုနှစ်ကုန်အထိ ဆက်လက်အနားယူရဖွယ်ရှိသည်ဟု ခန့်မှန်းရသော်လည်း ဇန်နဝါရီအစောပိုင်းတွင် ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး ထိုအချိန်တွင် ခံစစ်ပိုင်းဘယ်ညာနှစ်ဖက်စလုံးနှင့် ကွင်းလယ်တွင်ပါကစားနိုင်သည့် ၎င်း၏စွမ်းရည်မှာ နည်းပြဟန်ဆီဖလစ်ခ်အတွက် ကြီးမားသောအားဖြည့်မှုတစ်ခု ဖြစ်လာမည်ဟု သိရသည်။
နောက်ခံလူအက်စ်ပတ်က အသင်းမှတောင်းဆိုသည့် မည်သည့်နေရာတွင်မဆို ပါဝင်ကစားရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး ဘောလုံးသမားတစ်ဦးအတွက် "ဒဏ်ရာရရှိတာဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြောဆိုခဲ့သည်။ (Xinhua)
…………….
(English Version)
Barcelona youngster Xavi Espart signs new contract until 2030
MADRID, Nov. 20 (Xinhua) -- FC Barcelona on Friday confirmed that defender Xavi Espart has signed a new contract that will keep him at the club until June 30, 2030.
"Xavi Espart has signed his new contract and is set to stay with FC Barcelona until 2030. This consolidates his meteoric rise in recent months after joining the first-team setup and becoming an important player from the fullback position," announced the club on its website on Friday.
The 19-year-old, who is currently sidelined with an ankle injury, made his first-team debut against Newcastle United during the 2025-26 season and forced his way into the first-team squad at the start of the current campaign. He made nine first-team appearances this season before suffering the injury in Barcelona's Clasico defeat to Real Madrid on October 25.
"I've dreamed of Barca since I was little; I've been a 'cule' since I was a child, and I used to go to the stadium all the time. I have my debut jersey framed at home," said Espart in comments to Barcelona's club media. He also expressed his desire to spend his entire career at the club.
Espart is expected to remain out of action for the rest of 2026, but could be ready to return in early January, when his ability to play on either side of the defense and in midfield will be a major boost for coach Hansi Flick.
The defender said he was willing to play wherever he was asked, adding that, for a footballer, "injuries are a part of life."
Photo caption: Barcelona's Xavi Espart (L) vies with Oso (2nd R) of Sevilla FC during the La Liga football match between Barcelona and Sevilla FC in Barcelona, Spain, on March 15, 2026. (Photo by Joan Gosa/Xinhua)