
အာဂျင်တီးနားအသင်းနဲ့ ဆုဖလားတွေရရှိခဲ့ခြင်းနဲ့အတူ မာတီနက်ဇ်အတွက် အမြင့်ဆုံးသော တစ်ဦးချင်းဆုတံဆိပ်တွေကလည်း ဝင်လာမဆဲတသဲသဲဖြစ်ခဲ့ပါတယ်။ မာတီနက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခွင့်ရချိန်ကစလို့ လက်ရှိအချိန်အထိ တစ်ဦးချင်းရွှေလက် အိတ်ဆု (၆)ဆုအထိရယူနိုင်ခဲ့ပြီး Yashin Trophy (၂)ကြိမ်၊ FIFA The Best အကောင်းဆုံးဂိုးသမားဆု (၁)ကြိမ်၊ ၂၀၂၂ ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုနဲ့ ၂၀၂၁၊ ၂၀၂၄ ကိုပါအမေရိကရွှေလက်အိတ်ဆုတွေ ပါဝင်ခဲ့တာကိုကြည့်ရင် မာတီနက်ဇ်ရဲ့အားထုတ်မှု တွေဘယ်လောက်ထိ ပြင်းထန်ခဲ့လဲဆိုတာခန့်မှန်းမိပါလိမ့်မယ်။