Eleven Media Group

စက်မှုဇုန်မြို့လေးက ကမ္ဘာကျော်ဖိုက်တာ

Photos: X

မာလီခင်က ONE ရဲ့ဝိတ်တန်းသုံးခု ချန်ပီယံအဖြစ် ထည်ဝါနေတာကြာပါပြီ။ လာမယ့်နိုဝင်ဘာ ၈ ရက်မှာ မာလီခင်အတွက် အရေးအပါဆုံးစမ်းသပ်မှုကြီး စောင့်ကြိုနေပါတယ်။ Reug Reug လို့ Nickname ရထားတဲ့ အူမာကိန်းက မာလီခင်ကို ONE ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အတွက် ရင်ဆိုင်ထိုးသတ်သွားမှာပါ။ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ ၁၄ ပွဲထိုးသတ်ပြီး ပွဲတိုင်းအနိုင်ရထားတဲ့မာလီခင်အတွက် အူမာကိန်းဟာသတိထားရမယ့်ပြိုင်ဘက်ပါ။ ဒါပေမဲ့ မာလီခင်ကအူမာကိန်းကိုသားပေါက်လေးလို သဘောထားနေပါတယ်။ တကယ်ဆိုရင်မာလီခင်လည်း တစ်ချိန်တုန်းက သားပေါက်လေးဖြစ်ခဲ့ဖူးတယ်။ တစ်ချိန်တုန်းကစာသင်ခန်းထဲ သားပေါက်လေး မာလီခင်ဟာ လူတကာဝိုင်းရယ်တာခံရဖူးတယ်။ မာလီခင်ကကျောင်းပညာရေးကိုသိပ်စိတ်မဝင်စားဘူး။ ကာယအချိန်တွေဆိုရင်တော့ သူ ပျော်ပါတယ်။ အားကစားနည်းတွေကိုလည်း မာလီခင်စိတ်ဝင်စားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group