Eleven Media Group

ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း လီဗာပူးလ်နှင့် အေဂျက်စ်တောင်ပံကစားသမားဟောင်း ဘာဘယ်လ် ကြေညာ

Photo: Getty Images

လီဗာပူးလ်နှင့် အေဂျက်စ်တောင်ပံကစားသမားဟောင်း ဘာဘယ်လ်က ကစားသမားဘဝမှ အပြီးတိုင်အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘာဘယ်လ် (၃၇ နှစ်)သည် ၂၀၂၂-၂၃ ရာသီကုန်တွင် တူရကီကလပ် Eypuspor အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

ဘာဘယ်လ်သည် တစ်နှစ်ကျော်အတွင်း အသင်းသစ်ရှာမရပြီးနောက် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် X စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဘာဘယ်လ်၏ကြေညာချက်တွင် "ဘောလုံးက ၎င်း၏အိပ်မက်ထက် ပိုသည့်အရာများကို ပေးခဲ့ကြောင်း၊ အသင်းဖော်များ၊ နည်းပြများနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း"ဖော်ပြခဲ့သည်။

ဘာဘယ်လ်သည် ကစားသမားဘဝတွင် အေဂျက်စ်၊ လီဗာပူးလ်၊ ဂါလာစာရေးအပါအဝင် ကလပ် (၁၀)သင်း၌ ကစားခဲ့ပြီး ဆုဖလားများလည်း ရရှိခဲ့သည်။

၎င်းသည် နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း (၆၉) ပွဲ ကစားခဲ့ပြီး (၁၀) ဂိုး သွင်းယူခဲ့သည်။

မူရင်းသတင်း — Eleven Media Group