Eleven Media Group

မန်ယူလူငယ်တိုက်စစ်ကစားသမား ဂါနာချို၏ အခြေအနေကို  အက်သလက်တီကို စောင့်ကြည့်

Photo: AFP

မန်ယူလူငယ်တိုက်စစ်ကစားသမား ဂါနာချိုအား ခေါ်ယူရန် အက်သလက်တီကိုအသင်းက စောင့်ကြည့်နေကြောင်း သိရသည်။

မန်ယူအကယ် ဒမီထွက် ဂါနာချိုသည် ပြီးခဲ့သည့်နှစ်ပိုင်းတွင် နာမည်ကျော်ကြားလာသူ ဖြစ်သည်။ သို့သော် ဂါနာချိုသည် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

ဂါနာချို(၂၀ နှစ်)သည် မန်စီးတီးကိုအနိုင်ရသည့် မန်ချက်စတာဒါဘီပွဲတွင် မန်ယူအသင်းအတွက် ပါဝင်ကစားခွင့်မရဘဲ အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

ထို့ကြောင့် ၎င်း၏အခြေအနေကို အက်သလက်တီကိုအသင်းက စောင့်ကြည့်နေပြီး အခွင့်အရေးရှိလာပါက ကမ်းလှမ်းသွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group