Xinhua Myanmar

နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲတွင် တရုတ်အသင်းက ဘာရိန်းအသင်းအား ၂ ဂိုးပြတ်အရှုံးမှ သရေရလဒ်ရရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျောက်ချင့်မြို့၌ ကျင်းပသည့် CFA တရုတ်အမျိုးသားဘောလုံးအသင်း နိုင်ငံတကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ဘာရိန်းအသင်းတို့ မယှဉ်ပြိုင်မီ တရုတ်အသင်းမှ ပွဲထွက်ကစားသမားများ ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျောက်ချင့်၊ တရုတ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၁၇ ရက်က တရုတ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာခြေစမ်းပွဲ၌ တရုတ်အသင်းသည် ဘာရိန်းအသင်းကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာမှ ၂-၂ သရေကျအောင် ကစားနိုင်ခဲ့ပြီး ချေပဂိုးများကို ပိုက်ဟယ်လားမု အားဖူသုဝိုက်လိနှင့် ကျန်းယွိနင် တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

တရုတ်အသင်းသည် နိုဝင်ဘာ ၁၄ ရက်က ကစားခဲ့သည့် ခြေစမ်းပွဲတွင် မလေးရှားအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘာရိန်းအသင်းက ယီမင်အသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲစတင်ပြီး ၂ မိနစ်အကြာမှာပင် ဘာရိန်းအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး ညာဘက်အခြမ်းမှ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို မိုဟာမက်အဘူကာက ခေါင်းတိုက်၍ သွင်းယူခဲ့သည်။

ပွဲချိန် မိနစ် ၂၀ အရောက်တွင် အနောက်အာရှအသင်းသည် ထောင့်ကန်ဘောကို အနီးအနားတွင်ရှိသည့် ကစားသမားများထံ ပေးပို့သည့် ကစားကွက်မှတစ်ဆင့် နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံရရှိသွားခဲ့သည်။ ညာဘက်ခြမ်းမှ မြေလှိမ့်ဘောပေးလိုက်သည့် ဘောလုံးကို အာမက်ဘူဂမ်မာက ရရှိပြီး ပယ်နယ်တီဧရိယာအတွင်း အနီးကပ်ပိတ်သွင်း၍ သွင်းဂိုးရရှိခဲ့သည်။

ပွဲချိန် ၃၇ မိနစ်တွင် တရုတ်အသင်း ချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး ဘယ်တောင်ပံမှ ဝမ်ယွိတုန့် ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို ပိုက်ဟယ်လားမုက ခေါင်းတိုက်၍ သွင်းယူခဲ့သည်။

ပထမပိုင်းအပြီးတွင် တရုတ်အသင်းနည်းပြချုပ် ရှောက်ကျားရီးက အသင်းအား အားသစ်လောင်းရန်နှင့် ကစားအားမြှင့်ရန် ရည်ရွယ်ပြီး ကစားသမား ၆ ဦးကို တစ်ပြိုင်နက် လူစားလဲမှုပြုလုပ်ခဲ့သည်။

ပွဲချိန် ၅၁ မိနစ်တွင် ပိုက်ဟယ်လားမုက နောက်ထပ်ခေါင်းတိုက်ချက်ဖြင့် ပွဲကို သရေကျစေမည့် သွင်းဂိုးသွင်းယူနိုင်သကဲ့သို့ ဖြစ်ခဲ့သော်လည်း လူကျွံနေသည့်အတွက် ယင်းဂိုးကို ပယ်ဖျက်ခဲ့သည်။

ပွဲချိန် ၇၄ မိနစ်တွင် တောင်ပံမှ ထိုးဖောက်ဝင်ရောက်လာသည့် ဝမ် ကြောင့် ပယ်နယ်တီရရှိခဲ့ပြီး ယင်းကို ကျန်းက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည့်အတွက် ၂-၂ ဂိုးဖြင့် တရုတ်အသင်းသည် နောက်ဆုံးတွင် သရေရလဒ်ရရှိခဲ့သည်။

ပွဲပြီးခါနီးအချိန်များတွင် တရုတ်အသင်းသည် အနိုင်ဂိုးရရှိရန် ကြိုးပမ်းခဲ့ပြီး ဝမ်က တိကျသည့် ဖြတ်တင်ပေးမှုပြုလုပ်ခဲ့သော်လည်း Buniyaming Abudushalamu ၏ ခေါင်းတိုက်ချက်မှာ ဂိုးဘားတန်းပေါ်သို့ အနည်းငယ်ကျော်လွန်သွားခဲ့သည်။

"နှစ်ဂိုးစီနဲ့ သရေကျပြီး ကျွန်တော်တို့အနိုင်မရခဲ့တာ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အခုလို နောင်တရစရာကောင်းတာက အနာဂတ်မှာ ပိုကောင်းအောင်ကစားဖို့ တွန်းအားဖြစ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်ကို ခိုင်မာအားကောင်းခဲ့ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်ကျေနပ်ပါတယ်" ဟု ရှောက်က ပြောကြားခဲ့သည်။

တရုတ်အသင်း၏ နည်းပြချုပ်က ၎င်း၏အသင်းသည် နေရာကဏ္ဍစုံ အထူးသဖြင့် ယှဉ်ပြိုင်မှုပြင်းထန်သည့် အပိုင်းတွင် တိုးတက်အောင်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ပြောကြားသည်။ "ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ့် အချက်က တကယ့်နိုင်ငံတကာပွဲတွေမှာ ကြုံတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာပြင်းထန်မှုနဲ့ အသားကျအောင် လုပ်ဖို့ဖြစ်ပါတယ်။ နိုင်ငံတကာပွဲတွေရဲ့ ကစားပုံအရှိန်အဟုန်ဟာ ပြည်တွင်းလိဂ်ပွဲတွေနဲ့ အင်မတန် ကွာခြားပါတယ်" ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

"လိဂ်ပြိုင်ပွဲကို ကျွန်တော်မပြောင်းလဲနိုင်ပေမယ့် အသင်းရဲ့ မြင့်မားတဲ့ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်လိုတဲ့ စိတ်ဓာတ်ကိုတော့ ဆက်လက်ထိန်းသိမ်းထားဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားသွားပါမယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………………

(English version)

China rallies from two goals down to draw with Bahrain in international football friendly (updated)

ZHAOQING, China, Nov. 17 (Xinhua) -- China came from two goals down to secure a 2-2 draw with Bahrain in an international football friendly here on Tuesday, with Baihelamu Abuduwaili and Zhang Yuning scoring in the comeback.

China beat Malaysia 2-0 in a friendly last Saturday, while Bahrain defeated Yemen 3-1.

Bahrain took the lead just two minutes into the match when Mohammed Abukar rose to head home a cross from the right.

The West Asian side doubled its advantage in the 20th minute following a short-corner routine. A low cross from the right found Ahmed Bughammar, who scored with a close-range flick inside the penalty area.

China pulled one back in the 37th minute when Wang Yudong delivered a cross from the left for Baihelamu to head home.

At halftime, China head coach Shao Jiayi made six substitutions in an effort to inject fresh energy into the team and increase the tempo.

Baihelamu appeared to have equalized in the 51st minute with another header, but the goal was ruled out for offside.

China eventually drew level in the 74th minute when Wang broke down the flank and won a penalty, which Zhang converted to make it 2-2.

China pushed for a winner in the closing stages, with Wang delivering another accurate cross, but Buniyaming Abudushalamu's header went narrowly over the crossbar.

"It's a pity we didn't win with a 2-2 draw. Yet I believe this regret will fuel us to get better in the future," Shao said. "We had a very solid play in the last 60 minutes; I am satisfied with my players' performance."

The Chinese head coach said his team still needs to improve in many areas, especially the competitive intensity. "What we need to improve is adapting to the physical intensity of real international matches," he noted that international match rhythm differs significantly from that of domestic leagues. "

"I can't change the league, but I will do my utmost to keep this team's high morale and fighting spirit," he added.

Photo caption:Starting players of China pose before the match between China and Bahrain at the CFA Team China International Football Competitions Zhaoqing 2026 in Zhaoqing, south China's Guangdong Province, on Nov. 17, 2026. (Xinhua/Hu Xingyu)

မူရင်းသတင်း — Xinhua Myanmar