Myanmar Digital News

ဂျာမနီအသင်း ယူအီးအက်ဖ်အေနေးရှင်းလိဂ် ကွာတားဖိုင်နယ်တက်လှမ်း

ဂျာမနီအသင်းဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက နယ်သာလန်အသင်းနဲ့  ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုးပြတ်ဖြင့်အနိုင်ရပြီး  ကွာတားဖိုင်နယ်အဆင့်ကို  တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

ဂျာမနီအသင်းနဲ့ နယ်သာလန်အသင်းတို့ ပွဲစဉ်မှာ ဂျာမနီအသင်းအတွက် သွင်းဂိုးတွေကို ချာဟန့်က တစ်ဂိုး၊ ဖလော်ရီယန်ဝါ့ဇ်က နှစ်ဂိုး၊ ချာလော့တာဘက်က တစ်ဂိုး၊ ဂရူဒါကတစ်ဂိုး   အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဖလော်ရီယန်ဝါ့ဇ်ဟာ အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂျာမနီအသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ရှစ်ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ နယ်သာလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူအီးအက်ဖ်အေနေးရှင်းလိဂ်အုပ်စုအဆင့် ခြောက်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၁ မှတ်ဖြင့် ကွာတားဖိုင်နယ်တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းကလည်း အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဂျာမနီအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုအဆင့် ဒုတိယနေရာနဲ့ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။                                                    

ငွေကြယ်

မူရင်းသတင်း — Myanmar Digital News