Xinhua Myanmar

ကာမိုနာ အရိုးနှစ်ချောင်း ကျိုးသွားသဖြင့် ဆီဗီလာအသင်းအတွက် နောက်ထပ်ဒဏ်ရာထိုးနှက်ချက်နှင့် ရင်ဆိုင်ရ

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Santiago Bernabeu အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းမှ ယန်ဒီအိုမန်ဒီ (ယာ) နှင့် ဆီဗီလာအသင်းမှ အန်းဒရက်စ်ကက်စ်ထရင်တို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဆီဗီလာအသင်း၏ နောက်ခံလူ ဟိုဆေးအိန်ဂျယ်ကာမိုနာအနေဖြင့် ယာခြေထောက်ရှိ ညို့သကျည်းရိုးနှင့် ခြေသလုံးရိုးအသေးတို့ ကျိုးသွားကြောင်း အသင်းက နိုဝင်ဘာ ၁၇ ရက်၌ အတည်ပြုခဲ့ရာ ဆီဗီလာအသင်းအတွက် နောက်ထပ် ထိခိုက်ဒဏ်ရာ ထိုးနှက်မှုကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

အသင်း၏ တောင်ပံကစားသမား အယ်လ်ဖွန်ဂွန်ဇာလက်ဇ်မှာ ဒူးအရွတ်စုတ်ပြဲသွားမှုကြောင့် ယခုရာသီ၏ ကျန်ရှိသည့် ပွဲစဉ်များနှင့် လွဲချော်မည်ဟု ဆီဗီလာအသင်းက ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာပင် ကာမိုနာက လေ့ကျင့်ရေးဆင်းစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယခု နိုဝင်ဘာ ၁၇ ရက်က လေ့ကျင့်ရေးဆင်းချိန်အတွင်း မတော်တဆဖြစ်ရပ်ကြောင့် ဟိုဆေးအိန်ဂျယ်ကာမိုနာ၏ ယာခြေထောက်ရှိ ညို့သကျည်းရိုးနှင့် ခြေသလုံးရိုးအသေး ကျိုးသွားကြောင်း ဆီဗီလာအသင်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့က အစီရင်ခံတင်ပြထားသည်။

"လေ့ကျင့်ရေးအပြီးမှာ ကစားသမားကို ဆေးရုံကိုပို့ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခဲ့ပါတယ်။ သူအခုခွဲစိတ်ကုသမှု ခံယူမှာပါ" ဟု ဆီဗီလာအသင်းက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂီတာဖေးအသင်းမှ ဟွမ်အစ်ဂယ်လ်စီယက်စ် ရောက်ရှိလာပြီးနောက် ကာမိုနာအနေဖြင့် ကစားခွင့် အနည်းငယ်သာ ရရှိခဲ့ပြီး စပိန်လာလီဂါပွဲစဉ် ငါးပွဲတွင် စုစုပေါင်း ၈၅ မိနစ်သာ ပါဝင်ကစားထားရသည်။ လာမည့် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ပြိုင်ဘက်အသင်း ဘက်တစ်နှင့် ယှဉ်ပြိုင်ကစားရမည့် ဒေသတွင်း ဒါဘီပွဲစဉ်မတိုင်မီ ဆီဗီလာအသင်းနည်းပြ လူးဝစ်ဂါစီယာပလာဇာအနေဖြင့် Ruben Vargas ၊ Alfon ၊ Miguel Sierra ၊ Peque နှင့် Marcao တို့ မပါဝင်နိုင်သေးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် ကာမိုနာပါ မပါဝင်နိုင်တော့ခြင်းဖြစ်သည်။

ကာမိုနာ ပြန်လည်ကစားနိုင်မည့် အချိန်ကာလကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ၎င်းအနေဖြင့် အဆိုပါဒဏ်ရာကြောင့် လနှင့်ချီ အနားယူရမည်ဟု ခန့်မှန်းထားကြသည်။ ကာမိုနာသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းပြောင်းရွှေ့နိုင်ခြေရှိနေစဉ် ၎င်း၏အေးဂျင့်ပြောင်းလဲခဲ့ပြီး မကြာမီမှာပင် အဆိုပါဒဏ်ရာပြဿနာနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Coliseum အားကစားကွင်းတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဂီတာဖေးအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်အတွင်း ဂီတာဖေးအသင်းမှ ဟိုဆေးအိန်ဂျယ်ကာမိုနာ (ဝဲ) နှင့် ရီးရဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီးယက်စ်ဂျူနီယာတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)

..........................................

(English Version)

Another injury blow for Sevilla as Carmona suffers double fracture

MADRID, Nov. 17 (Xinhua) -- Sevilla suffered another major injury setback on Tuesday when the club confirmed that defender Jose Angel Carmona had fractured the tibia and fibula in his right leg.

Carmona was injured in training, just days after Sevilla announced that winger Alfon Gonzalez would miss the rest of the season after tearing his anterior cruciate ligament.

"Sevilla FC's medical staff report that, during this Tuesday's training session, Jose Angel Carmona sustained a fracture to the tibia and fibula of his right leg following an accidental incident.

"After the session, the player was taken to a hospital, where the diagnosis was confirmed. He will now undergo surgery," the club said on its website.

Carmona has seen his playing time reduced this season following the arrival of Juan Iglesias from Getafe in the summer, playing just 85 minutes across five La Liga appearances. His absence comes as Sevilla coach Luis Garcia Plaza is already without Ruben Vargas, Alfon, Miguel Sierra, Peque and Marcao ahead of Saturday evening's derby at home to local rival Betis.

Although there is no official timeframe for Carmona's return, the injury is expected to keep him out for several months. The setback comes shortly after he changed agents amid the possibility of a move during the January transfer window. ■

Photo caption 1: Real Madrid's Yan Diomande (R) vies with Sevilla F.C.'s Andres Castrin during the La Liga football match between Real Madrid and Sevilla F.C. at Santiago Bernabeu stadium, in Madrid, Spain, on Oct. 18, 2026. (Photo by Gustavo Valiente/Xinhua)

Photo caption 2: Getafe CF´s Jose Angel Carmona (L) vies with Real Madrid´s Vinicius Junior during the Spanish league (La Liga) football match between Getafe CF and Real Madrid at Coliseum stadium in Madrid, Spain, on Feb. 1, 2024. (Photo by Gustavo Valiente/Xinhua)

မူရင်းသတင်း — Xinhua Myanmar