
နာပိုလီအသင်းသည် အက်စတွန်ဗီလာလူငယ်တိုက်စစ်မှူး ဒူရန်အား လာမည့်ဇန်နဝါရီတွင် ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရသည်။
ကိုလံဘီယာ တိုက်စစ်မှူး ဒူရန်(၂၁ နှစ်)သည် ယခုရာသီတွင် ထင်ပေါ်လာသူဖြစ်ပြီး အက်စတွန်ဗီလာအသင်းနှင့် ၂၀၃၀ အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် အက်စတွန်ဗီလာအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၁၂) ဂိုး သွင်းယူထားသည်။
ဒူရန်သည် အက်စတွန်ဗီလာတွင် ပုံမှန်ပွဲထွက်ခွင့်မရခြင်းကို စိတ်ပျက်နေပြီး ယခုအခါ နာပိုလီအသင်းက ယင်းအချက်ကို အသုံးချကာ ကမ်းလှမ်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။