Eleven Media Group

စီးရီးအေပွဲစဉ်(၁၇) ပွဲကြိုသုံးသပ်ချက်

Photo: Inter

ဖီအိုရင်တီးနား နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)

ဖီအိုရင်တီးနားက ပုံစံကောင်းပြနေပေမဲ့ နောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို ရှုံးခဲ့တယ်။ အူဒီးနီးစ်ကလည်း စီးရီးအေနောက်ဆုံး (၇)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တယ်။ ဖီအိုရင်တီးနား နိုင်ပွဲပြန်ယူလိ်မ့်မယ်။

အင်တာမီလန် နှင့် ကိုမို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုက ကစားပုံမဆိုးပေမဲ့ အဝေးကွင်းမှတ်တမ်းမကောင်းဘူး။ အတ္တလန်တာကို မထင်မှတ်ဘဲ နိုင်ခဲ့ပေမဲ့ ကျန်တဲ့ပွဲတွေကိုကြည့်ရင် အားရစရာသိပ်မရှိဘူး။ အင်တာမီလန်က နောက်ပိုင်းပွဲတွေမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပွဲတိုင်းကို ဖိဖိစီးစီးကစားလာတာ တွေ့ရတယ်။ အိမ်ကွင်းမှာ အင်တာမီလန်အသင်း ဂိုးပြတ်နိုင်ပွဲယူလိမ့်မယ်။ (၃-၁၊ ၃-၀) ရလဒ်တွေကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group