
ပရီးမီးယားလိဂ် (၄)နှစ်ဆက်ချန်ပီယံ မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၁၂) ပွဲမှာ (၁) ပွဲသာအနိုင်ရပြီး (၉)ပွဲအထိ ရှုံးနိမ့်ထားတာပါ။ မန်စီးတီး အခုလိုအခြေအနေဆိုးနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပြီး သက်ကြီးကစားသမားတွေများနေတဲ့အပေါ် ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ အခု မန်စီးတီးဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားက Sky Sports နဲ့ အင်တာဗျူးမှာ မန်စီးတီးအသင်းအနေနဲ့ ကျရှုံးမှုတွေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတဲ့အကြောင်း၊ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် သူ့ရဲ့ အနာဂတ်အကြောင်းတွေကို အခုလိုပဲ ပြောပြထားပါတယ် . . .