
ဖြစ်ပျက်သဘောကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ မြတ်စွာဘုရားတောင်မှ မမြဲခြင်းတရားကို လက်ခံခဲ့ရပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လောကဟာ အဲဒီအရာတွေနဲ့ သံသရာအဆုံးတိုင် လည်ပတ်နေတာ မဟုတ်လား။ မန်စီးတီးလည်း သံသရာစက်ဝန်းထဲက၊ ဂွါဒီယိုလာကလည်း ပုထုဇဉ်လူသား ဖြစ်လေတော့ ကျဆုံးချိန်ဆိုတာ ရောက်လာမှာပဲ မဟုတ်လား။ ဒါပေမဲ့ မန်စီးတီးနဲ့ ဂွါဒီယိုလာဟာ ကုဋေရှစ်ဆယ်သူဌေးသားလို ရုတ်တရက် မွဲတေသွားတာ ထူးဆန်းပါတယ်။