
ဘရိုက်တန် - ဘရန်ဖို့ဒ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၂:၀၀ နာရီ)
ပရီးမီးယားလိဂ်ရဲ့အိမ်ကွင်းအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်က ပြီးခဲ့တဲ့တစ်ပတ်က အိမ်ကွင်းမှာပဲ နော်တင်ဟမ်ကို ရှုံးပွဲစတွေ့ခဲ့တယ်။ အဝေးကွင်းကတော့ အားနည်းနေကျအသင်းပါ။ ဘရိုက်တန်ကလည်း Form တော်တော် ဆိုးနေတယ်။ သရေပဲ ဖြစ်ဖို့များတယ်။
အာဆင်နယ် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၂:၄၅ နာရီ)
လီဗာပူးလ် ပွဲချောင်နေတဲ့ အချိန်မှာ အာဆင်နယ်ကလည်း အိမ်ကွင်းမှာ (၃) မှတ်ကို အိိတ်ထဲကောက်ထည့်ရမယ့်ပွဲကို ကစားရလိမ့်မယ်။ အာဆင်နယ်ရဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ဖူလ်ဟမ်၊ အဲဗာတန်တို့နဲ့ပွဲတွေမှာ အားနည်းခဲ့တဲ့ တိုက်စစ်ကို ပဲလေ့စ်နဲ့ပွဲမှာတော့ ပေါက် ကွဲအားအပြည့်နဲ့ ပြန်မြင်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲက အာဆင်နယ် ဂိုးပြတ်သွင်းမယ့်ပွဲပါ။