Eleven Media Group

ဖာဂူဆန်လက်ထက်က ပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက်ထက် ၎င်းနှင့် လမ်းခွဲပြီးနောက်ပိုင်း မန်ယူအသင်း၏ ရှုံးပွဲအရေအတွက်က ပိုများလာ

Photo: Brentford

မန်ယူအသင်းသည် ဂန္ထဝင်နည်းပြ ဖာဂူဆန်လက်ထက်က ပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက်ထက် ၎င်းနှင့်လမ်းခွဲပြီးနောက်ပိုင်း ရှုံးပွဲအရေအတွက်က ပိုများလာကြောင်း သိရသည်။
ဖာဂူဆန်သည် မန်ယူအသင်းကို ပရီးမီးယားလိဂ်ပွဲပေါင်း (၈၁၀)ကိုင်တွယ်ရာတွင် ရှုံးပွဲ(၁၁၄)ပွဲသာ ရှိခဲ့ပြီး ၎င်းနောက်ပိုင်း ကိုင်တွယ်ခဲ့သည့် နည်းပြများလက်ထက်တွင် ပရီးမီးယားလိဂ်ပွဲပေါင်း (၄၅၃)ပွဲ၌ ရှုံးပွဲ(၁၁၇)ပွဲအထိ ရှိလာခဲ့ခြင်းဖြစ်သည်။
ဖာဂူဆန်သည် မန်ယူအသင်းကို ၂၀၁၂-၁၃ ရာသီအထိ ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃- ၁၄ ရာသီမှ လက်ရှိအချိန်အထိ တရားဝင်နည်းပြ(၆)ဦးနှင့် ယာယီနည်းပြ (၄)ဦး ကိုင်တွယ်ခဲ့သည်။
အဆိုပါနည်းပြများလက်ထက်တွင် မန်ယူအသင်းအနေဖြင့် ကျဆင်းမှုများနှင့် ရင်ဆိုင်နေရသည့်အတွက် ရှုံးပွဲအရေအတွက်မြင့်တက်နေခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၁၆)ပွဲအထိ ရှုံးနိမ့်ထားသည်။
ထို့ကြောင့် တန်းဆင်းခဲ့ရသည့် ၁၉၇၃-၇၄ ရာသီနောက်ပိုင်း ရှုံးပွဲအများဆုံးရာသီတစ်ခု ဖြစ်သွားခဲ့သည်။

မူရင်းသတင်း — Eleven Media Group