ရန်ကုန် နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် (MBF) နှင့် The Grand Shuttle တို့ ပူးပေါင်းကျင်းသည့် Myanmar’s Premier Novice Mixed Team Championship 2026 ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကျုံးကြီးလမ်း မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်၌ ကျင်းပသည်။
ဗိုလ်လုပွဲ Mixed Team ပြိုင်ပွဲတွင် Champion အသင်းက HOT အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။ ပြိုင်ပွဲ များအပြီး ဆုပေးပွဲကို ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ အမျိုးသား+အမျိုးသမီးများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသော အသင်းများအား မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ The Grand Shuttle မှ နာယက ဦးစိုးမိုး၊ ဥက္ကဋ္ဌ ဦးမင်းသန့်ထင်တို့က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများချီးမြှင့်ကြသည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်မြို့ရှိ ကလပ်ပေါင်း အသင်း၂၀၊ အားကစားသမား ၁၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
အာကာ