ရန်ကုန် နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၃)တတိယနေ့ကို နိုဝင်ဘာ ၁၅ ရက် က ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်း နိုင်ပွဲရရှိသည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဂိုးပြတ်နိုင်ပွဲနှင့်အတူ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိ သည်။ လက်ကျန်နှစ်ပွဲတွင် ဒုတိယနေရာမှ အား/ကာသိပ္ပံအသင်းထက် တစ်ပွဲပို ငါးမှတ်အသာရထားသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ချန်ပီယံဆုရယူနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်သွားပြီဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ၁၅ မိနစ်တွင် လင်းသန့်စိုပြည်၊ ၂၀၊ ၅၃၊ ၅၈ မိနစ်တွင် ခွန်းချိုထူး၊ ၆၉ မိနစ်တွင် လမင်းပြည့်စုံတို့က သွင်းယူခဲ့ပြီး သစ္စာအားမာန်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကို မိနစ် ၈၀ တွင် ဖြိုးဝေအောင်၊ မိနစ် ၉၀ တွင် ဘုန်းသန့်ဇင်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့သည့် ခွန်းချိုထူးကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်နှစ်သိန်း ရရှိသည်။
ဗဟန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီယူနိုက်တက်အသင်းက Chinland အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ဇယားအောက်ပိုင်းမှ နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်း နိုင်ပွဲရယူနိုင်ခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက် ဂိုးများကို ၃၈၊ ၄၅+၂ မိနစ်တွင် သူရညီညီ၊ ၅၂ မိနစ်တွင် အောင်ကျော်ခန့်တို့က သွင်းယူပြီး Chinland အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၇၂ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဗန်ဒေါ့လန်ထောင်က သွင်းယူခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်က ကစားသည့်ပွဲတွင် ရတနာပုံအသင်းက Falcon အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲအတွက် AYA Pay Player of the Match ဆုကို အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူ ခဲ့သည့် ရတနာပုံအသင်းမှ သာထက်နောင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်နှစ်သိန်း ရရှိသည်။
ပွဲစဉ်(၂၄) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာ သိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MLeagu