Myanmar Digital News

မြောင်အိုင်ယာလန်အသင်း ယူအီးအက်ဖ်အေနေးရှင်းလိဂ် နောက်တစ်ဆင့် တက်လှမ်းရန် နီးစပ်လာ

မြောက်အိုင်ယာလန်အသင်းဟာ နိုဝင်ဘာ ၁၄ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်မှာ  ယူကရိန်းအသင်းကို  အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

မြောက်အိုင်ယာလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ပွဲစဉ်မှာ  မြောက်အိုင်ယာလန်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၆၈ မိနစ်မှာ ဒက်ဗလင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြောက်အိုင်ယာလန်အသင်းဟာ  ယူကရိန်းအသင်းကို   အနိုင်ရရှိခဲ့တာကြောင့်   ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ငါးပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၁ မှတ်နဲ့ အုပ်စုအဆင့်ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။  မြောက်အိုင်ယာလန်အသင်းဟာ လာမယ့်ပွဲစဉ်မှာ ရမှတ်တစ်မှတ်ရရှိရုံနဲ့  ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲရဲ့  ကွာတာဖိုင်နယ်အဆင့်ကို  တက်လှမ်းခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ  မြောက်အိုင်ယာလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့  ဒက်ဗလင်ကတော့  မြောက်အိုင်ယာလန်အသင်းနဲ့အတူ ပထမဆုံးနိုင်ငံတကာသွင်းဂိုး သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်အသင်းနဲ့ အုပ်စုတူ အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟန်ဂေရီအသင်းနဲ့ ဂျော်ဂျီယာအသင်းတို့ ပွဲစဉ်မှာတော့ ဟန်ဂေရီအသင်းက နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရပြီး  အုပ်စုအဆင့် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်

မူရင်းသတင်း — Myanmar Digital News