
လိဒ်စ်အသင်းဥက္ကဋ္ဌ ပါရတ်ဂ်မာရသီက နည်းပြ ဒန်နီယယ်ဖာ့ခ် အသင်းတွင် ဆက်ရှိမည်ဟု အတည်ပြုပြောကြားခဲ့သည်။
ဂျာမန်နည်းပြ ဒန်နီယယ်ဖာ့ခ်သည် လိဒ်စ်အသင်းကို လိဂ်ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
သို့သော် လိဒ်စ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် အရည်အသွေးမီ ယှဉ်ပြိုင်နိုင်ရန်အတွက် နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
ယင်းအတွက် ပါရတ်ဂ်မာရသီက ''သူနဲ့အတူ ရှေ့ဆက်ဖို့ အရမ်းစိတ်လှုပ်ရှားနေတဲ့အကြောင်း ပြောချင်ပါတယ်။ ပြီးတော့ တခြားဦးဆောင်သူတွေနဲ့လည်း လက်တွဲရတာ အဆင်ပြေပါတယ်။ ကျွန်တော်တို့ သုံးစွဲခွင့်ရတဲ့ ငွေကြေးပမာဏနဲ့ အကောင်းဆုံးလူစာရင်းရရှိအောင် အားလုံးပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ဒီအတွက်လည်း တကယ့်ကို စိတ်လှုပ်ရှားနေပါတယ်''ဟု ပြောကြားခဲ့သည်။
လိဒ်စ်အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းအချို့မှ နေရာမရသူများကို အဓိကပစ်မှတ်ထားနေကြောင်း သိရသည်။