Eleven Media Group

ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန် အယ်လ်ဟီလာအသင်း ကမ်းလှမ်း

Photo: X

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် မန်ယူအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အားဖြည့်မှုများ ပြုလုပ်သွားရန် စီစဉ်နေရာ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ငြင်းပယ်ခံခဲ့ရသည့် ဘရူနိုဖာနန်ဒက်စ်ကို ထပ်မံကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းသည် ဘရူနိုဖာနန်ဒက်စ်ကို အလွန်မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ကစားသမားနှင့် သဘောတူညီမှုရရှိမှ မန်ယူအသင်းထံ ထပ်မံကမ်းလှမ်းရန် စီစဉ်ထားကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် နည်းပြ ဂျီးဆပ်စ်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ် ခန့်အပ်ရန် စီစဉ်နေရာ ပရီးမီးယားလိဂ်မှ နည်းပြနှစ်ဦးနှင့်အတူ ဖီနာဘာချီနည်းပြ မော်ရင်ဟိုကို ချိန်ရွယ်နေကြောင်းလည်း သတင်းထွက်နေသည်။
အယ်လ်ဟီလာအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် မန်စီးတီးမှ ပေါ်တူဂီကွင်းလယ်လူ ကန်ဆယ်လိုကို ခေါ်ယူခဲ့သည်။

မူရင်းသတင်း — Eleven Media Group