
မန်ယူနိုက်တက်က ယူရိုပါလိဂ်မှာ မှော်ဆန်နေတယ်။ လိုင်ယွန်ကို တစ်သက်မှာ တစ်ခါမြင်ရခဲတဲ့ Comeback Win နဲ့ အနိုင်ယူကျော်ဖြတ်ပြတယ်။ အခုလည်း ဘီလ်ဘာအိုရဲ့နာမည်ကျော်ခံတပ် ဆန်မာမီးစ်မှာ ဂိုးပြတ်အောင်ပွဲခံခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ မန်ယူနိုက်တက်က လုပ်သမျှတင့်တယ်နေတာပါ။ ရှုံးထွက်အဆင့်မှာ မန်ယူနိုက်တက်က ပိုထက်မြက်လာတာ၊ ဆိုစီဒက်၊ လိုင်ယွန်၊ ဘီလ်ဘာအိုတို့နဲ့ ပွဲတွေမှာ အမိုက်စားစွမ်းရည် ပြသခဲ့တယ်။ ရှုံးပွဲမရှိချန်ပီယံအဖြစ် အောင်ပွဲခံခွင့် နီးစပ်နေပြီ။ ယူရိုပါလိဂ်အောင်ပွဲက မန်ယူနိုက်တက်ရဲ့ အနာဂတ်ကို သက်ရောက်မှုကြီးမားနေတယ်။ ယူရိုပါလိဂ် အောင်ပွဲရမှ ချန်ပီယံလိဂ် ကစားခွင့်ရမယ်။ ချန်ပီယံလိဂ်ကစားခွင့်ရမှ ဘဏ္ဍာရေးဟန်ချက်တည် ငြိမ်မယ်။
မန်ယူနိုက်တက်က ယူရိုပါလိဂ်မှာ မှော်ဆန်နေတယ်။ လိုင်ယွန်ကို တစ်သက်မှာ တစ်ခါမြင်ရခဲတဲ့ Comeback Win နဲ့ အနိုင်ယူကျော်ဖြတ်ပြတယ်။ အခုလည်း ဘီလ်ဘာအိုရဲ့နာမည်ကျော်ခံတပ် ဆန်မာမီးစ်မှာ ဂိုးပြတ်အောင်ပွဲခံခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ မန်ယူနိုက်တက်က လုပ်သမျှတင့်တယ်နေတာပါ။ ရှုံးထွက်အဆင့်မှာ မန်ယူနိုက်တက်က ပိုထက်မြက်လာတာ၊ ဆိုစီဒက်၊ လိုင်ယွန်၊ ဘီလ်ဘာအိုတို့နဲ့ ပွဲတွေမှာ အမိုက်စားစွမ်းရည် ပြသခဲ့တယ်။ ရှုံးပွဲမရှိချန်ပီယံအဖြစ် အောင်ပွဲခံခွင့် နီးစပ်နေပြီ။ ယူရိုပါလိဂ်အောင်ပွဲက မန်ယူနိုက်တက်ရဲ့ အနာဂတ်ကို သက်ရောက်မှုကြီးမားနေတယ်။ ယူရိုပါလိဂ် အောင်ပွဲရမှ ချန်ပီယံလိဂ် ကစားခွင့်ရမယ်။ ချန်ပီယံလိဂ်ကစားခွင့်ရမှ ဘဏ္ဍာရေးဟန်ချက်တည် ငြိမ်မယ်။
တကယ်လို့များ ယူရိုပါလိဂ်အောင်ပွဲမရရင်မန်ယူနိုက်တက်က (၃၅)နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဥရောပပြိုင်ပွဲ ဝင်ခွင့်မရတဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ရပါမယ်။ ပြီးခဲ့တဲ့ (၁၃)ရာသီအတွင်း ချန်ပီယံလိဂ်ကစားခွင့်မရတဲ့ ခြောက်ရာသီမြောက်အဖြစ် ရင်ဆိုင်ရပါမယ်။ မန်ယူနိုက်တက် ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ပေါင်သန်း(၈၀)နဲ့ သန်းတစ်ရာကြားရမယ်လို့ မျှော်လင့်ထားတယ်။ ယူရိုပါလိဂ်က ပေါင်သန်း လေးဆယ်လောက်ပဲရတာပါ။ တကယ်ဆိုရင်ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ပေါင်သန်းတစ်ရာအထိ ရနိုင်ပါတယ်။ ကွင်းဝင်ကြေး၊စပွန်ဆာကြေး၊ ဆုကြေး စတာတွေကနေ ဝင်ငွေတစ်ရှိန်ထိုးမြင့်တက်လာမှာပါ။
တကယ်လို့များ မန်ယူနိုက်တက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး တစ်ပွဲမှ အနိုင်မရဘူးဆိုလည်း ပေါင်သန်း (၇၀) ပိုင်ဆိုင်မှာပါ။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ကြားမှာ မန်ယူနိုက်တက်က ဥရောပပြိုင်ပွဲတွေကနေ ဝင်ငွေအနည်းဆုံးရခဲ့တာ ပြီးခဲ့တဲ့ရာသီကဖြစ်ပြီး ပေါင်(၅၂)သန်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ပြောင်းလဲလိုက်တဲ့ အသွင်သစ်ချန်ပီယံလိဂ်က ဆုကြေးတွေ မြင့်တက်လာပါတယ်။ League phase အပြီးမှာ အဆင့်(၂၂)သာရတဲ့ မန်စီးတီးက ပေါင်(၆၄)သန်းအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ရောက်နေတဲ့ အာဆင်နယ်က ပေါင် (၉၈)သန်း ပိုင်ဆိုင်ထားပါပြီ။
ရုပ်သံဝင်ငွေခွဲဝေမှု
ချန်ပီယံလိဂ်က (၃၆)သင်းအဆင့်မှာ ကစားခွင့်ရတာနဲ့ ပေါင်(၁၆)သန်းရပါမယ်။ League phaseမှာ နိုင်ပွဲတစ်ပွဲအတွက် ပေါင် (၁.၈)သန်း၊ သရေတစ်ပွဲအတွက် ပေါင် (၆)သိန်းရပါမယ်။ League phase ရပ်တည်မှုအလိုက် ပြိုင်ပွဲဝင် အသင်း (၃၆)သင်းဟာ အနည်းဆုံး ပေါင်(၈)သိန်းကနေ စတင်ရရှိပါမယ်။ UEFA ကလပ်အသင်း အဆင့်သတ်မှတ်ချက်အလိုက် ဆုကြေးရရှိမှု ကွဲပြားခြားနားမှာလည်းဖြစ်ပါတယ်။ Amazon နဲ့ TNT ရုပ်သံတွေက ပြီးခဲ့တဲ့ငါးနှစ်အတွင်း ချန်ပီယံလိဂ်အောင်မြင်မှုအလိုက် ရုပ်သံဝင်ငွေ ခွဲဝေပေးနေပါတယ်။ မန်ယူနိုက်တက်က UEFA ကလပ်အသင်း အဆင့်သတ်မှတ်ချက် (၁၂) နေရာမှာ ရပ်တည်နေပြီး အဲဒီသတ်မှတ်ချက်အတိုင်း တွက်မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ကနေ ပေါင်သန်း(၇၀) အနည်းဆုံးပိုင်ဆိုင်ဖွယ်ရှိပါတယ်။ ရှုံး ထွက်အဆင့်ကနေ ဖိုင်နယ်ရောက်ရင် အနည်းဆုံး ပေါင်သန်း (၂၀)ကနေ ပေါင် (၅၄)သန်းကြား ရဦးမှာပါ။
ကွင်းဝင်ကြေး
မန်ယူနိုက်တက်ရဲ့လက်ရှိရာသီ တစ်ပွဲပျမ်းမျှကွင်းဝင်ကြေးရရှိငွေက ပေါင် (၅.၂ သန်း) ရှိပါတယ်။ လာမယ့်ရာသီမှာ အိမ်ကွင်းလက်မှတ်ဈေးနှုန်းကို ငါးရာခိုင်နှုန်း တိုးမြှင့်မှာဖြစ်လို့ ကွင်းဝင်ကြေးရရှိငွေ မြင့်တက်လာဦးမှာပါ။ ပြိုင်ဘက်အသင်းက အဆင့်အတန်းမြင့်လေလေ လက်မှတ် နှုန်းထားမြင့်လေလေဖြစ်ပါတယ်။ ဗီလာက လက်ရှိရာသီ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့တွေ့တော့ လက်မှတ်တစ်စောင် (၉၇)ပေါင်အထိ ဈေးတင်ခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်ကစားခွင့်ရရင် မန်ယူနိုက်တက်ရဲ့တစ်ပွဲပျမ်းမျှ ကွင်းဝင်ကြေးရရှိ ငွေက ပေါင်(၆)သန်းအထိ တိုးလာနိုင်ပါတယ်။
စပွန်ဆာစာချုပ်
ချန်ပီယံလိဂ်ဝင်ခွင့်မရရင် Adidas က စပွန်ဆာကြေး တစ်နှစ်ကို ပေါင်(၁၀)သန်း လျှော့သွားမှာပါ။ တစ်နှစ် ပေါင်သန်း ၆၀ တန် Qualco-mm နဲ့စာချုပ်၊ တစ်နှစ် ပေါင်သန်း ၂၀ တန် DXC၊ Tezos တို့နဲ့ စပွန်ဆာစာချုပ်တွေမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်မရရင် စပွန်ဆာကြေးလျှော့ချမယ့် အချက်ပါဝင်နိုင်တယ်။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ရောက်မယ်ဆိုရင် မန်ယူနိုက်တက်ရဲ့ကြွယ်ဝလွန်းတဲ့စပွန်ဆာကြောင့် ဝင်ငွေပေါင်သန်း (၁၃၀) ကနေ သန်း(၁၄၀)ကြား ရရှိမှာပါ။ မန်ယူ နိုက်တက်သာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ကစားသမားလစာငွေက (၂၅)ရာခိုင်နှုန်း အထိ လျှော့ချခံရဖွယ် ရှိနေပါတယ်။ ၂၀၂၃-၂၄ ရာသီကစတင်ပြီး မန်ယူနိုက်တက်ရဲ့ကစားသမား လစာငွေက ပေါင်(၁၈၅)သန်းကနေ ပေါင်(၁၆၃)သန်း( ၁၂ ရာခိုင်နှုန်း)လျော့ကျခဲ့တယ်။
ချန်ပီယံလိဂ်ဝင်ခွင့် မရလို့ ထိပ်တန်းကစားသမားတွေကို မဆွဲဆောင်နိုင်ဘူး။ လစာနည်းလို့လည်း ကြယ်ပွင့်ကစားသမားတွေ မလာချင်ပါဘူး။ ဒါကြောင့်လည်း အာမိုရင်မ်က "ချန်ပီယံလိဂ် ဝင်ခွင့်က အရာအားလုံးပြောင်းလဲပစ်နိုင်တယ်"လို့ တင်စားတာပါ။ ဝင်ငွေတိုးလာမှလည်း ပိုကောင်းမွန်တဲ့အသင်းကို ဖန်ဆင်းနိုင်မှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လာမယ့်နွေမှာ ကစားသမားအသစ် ခေါ်ဖို့အသုံးစရိတ် မရှိနိုင်ဘူးလို့ အသိပေးထား ဖူးတယ်။ မန်ယူနိုက်တက်ရဲ့ကြွေးမြီပမာဏက ပေါင်တစ်ဘီလီယံ ရှိနေသလို၊ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အရှုံးငွေကလည်း ပေါင်သန်း(၃၇၀) ရှိနေ တာပါ။ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် မန်ယူနိုက်တက်က ဝန်ထမ်းငါးရာနီးပါး လျှော့ချခဲ့ရပါတယ်။ နည်းပြ တန်ဟက်ဂ်နဲ့ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့သ်တို့ကို ထုတ်ပယ်လို့ ပေါင်(၁၅)သန်း နီးပါးကုန်ကျခဲ့ပါသေးတယ်။ မန်ယူနိုက်တက်ရဲ့ ကွင်းသစ်စီမံကိန်းအတွက်လည်း ချန်ပီယံလိဂ် ဝင်ခွင့်ကအရေးကြီးပါတယ်။ ပေါင် (၂)ဘီလီယံကွင်းသစ်စီမံကိန်းအတွက် စပွန်ဆာနဲ့ ဂုဏ်သိက္ခာ စံနှုန်းတွေလိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်အ တွက်လည်း ချန်ပီယံလိဂ်ကစားခွင့်က အဓိကကျနေတာပါ။
မန်ယူနိုက်တက် မာန်မတက်စေချင်သေးဘူး
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘီလ်ဘာအိုအသင်းကို မန်ယူနိုက်တက် ဂိုးပြတ် အနိုင်ရလိုက်တာ အံ့အားသင့်စရာပါ။ အဲဒီရလဒ်ကြောင့် မန်ယူနိုက်တက်အသင်း ယူရိုပါလိဂ်ဖိုင်နယ်ရောက်ဖို့ သေချာသွားပြီးလို့ သုံးသပ်နေကြပါတယ်။ မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်ကတော့ ဒုတိယအကျော့မှာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အာမိုရင်မ်က "ကျွန်တော်တို့ အခွင့်အရေးသာသွားသလို၊ ဒုတိယအကျော့ကလည်း အိမ်ကွင်းပွဲကစားရမှာ ဖြစ်ပေမဲ့ အခြေအနေတွေ ပြောင်းလဲနိုင်ပါသေးတယ်။ ပွဲတစ်ပွဲတည်းမှာ အရာအားလုံးဖြစ်နိုင်ပါတယ်" လို့ သတိပေးခဲ့တာပါ။ အာမိုရင်မ် သတိပေးမယ်ဆိုလည်း ပေးချင်စရာပါ။ မန်ယူနိုက်တက်က ရာနှုန်းပြည့် ယုံစားလို့မရပါဘူး။ ဘီလ်ဘာအိုကို (၃-ဝ)ဂိုးနဲ့ အနိုင်ရတယ်ဆိုပေမဲ့ ပယ်နယ်တီ တစ် ကြိမ်ရခဲ့တာ၊ ကစားသမားတစ်ယောက် အသာရခဲ့တာတွေကြောင့်ပါ။ ဒုတိယပိုင်းမှာ ဂိုးတွေ ထပ်မသွင်းနိုင်တဲ့အပြင် ဘီလ်ဘာအို ခြိမ်းခြောက်တာခံရလို့ မန်ယူနိုက်တက်ကို ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ဒုတိယပိုင်းအစမှာ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးယူမယ့် ဘီလ်ဘာအိုကစားသမားကို မန်ယူနောက်ခံလူ မက်ဂွိုင်းယား ဆွဲပေမဲ့ ကွင်းလယ်ဒိုင် အရေးမယူလို့လည်း ဘီလ်ဘာအို အသင်းပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့တယ်။
မန်ယူနိုက်တက်က ဥရောပအဆင့် အဝေးကွင်းပွဲတွေမှာ သုံးဂိုးမသွင်းနိုင်တာ ကြာပါပြီ။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းကစားတဲ့ ဘာရှက်ဆီဟီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ကစားတဲ့ CSKA မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ နောက်ဆုံး သွင်းယူခဲ့တာပါ။ ဘီလ်ဘာအိုအသင်းက မန်ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လေးဂိုးပြတ်သွင်းမှသာ ဖိုင်နယ်မျှော်လင့်ခွင့်ရှိမှာပါ။ ဗြိတိန်မီဒီယာတွေကတော့ ယူရိုပါလိဂ်ဖိုင်နယ်မှာ စပါးနဲ့မန်ယူနိုက်တက်တို့ ဆုံတွေ့မယ်လို့ သေချာပေါက်ရေးသားနေပါပြီ။ မန်ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း မန်ယူနိုက်တက်ပရိသတ်တွေကို ဘီလ်ဘာအိုကွင်းဆီ နောက်တစ်ကြိမ်ပို့ပေးမယ်လို့ ကတိပေးလိုက်တယ်။ ယူရိုပါလိဂ်ဖိုင်နယ်က ဘီလ်ဘာအိုရဲ့ အိမ် ကွင်း ဆန်မာမီးစ်မှာ ကစားမှာဖြစ်လို့ ဘရူနိုဖာနန်ဒက်စ်က အခုလို ကြွေးကြော်ခဲ့တာပါ။