
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်၏ အကောင်းဆုံးအသင်းနှင့် အညံ့ဆုံးအသင်းများကို Sofascore က ရွေးချယ်ဖော်ပြခဲ့ရာ အညံ့ဆုံးအသင်းတွင် အသင်းခေါင်းဆောင် အော်ဒီဂွါ အပါအဝင် အာဆင်နယ်ကစားသမား (၄)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
Sofascore သည် ကစားသမားများ၏ စွမ်းဆောင်ရည်နှုန်းထားများအပေါ် မူတည်၍ အကောင်းဆုံးနှင့် အညံ့ဆုံးအသင်းများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အညံ့ဆုံးအသင်းကို (၃-၄-၃)ပုံစံဖြင့် ရွေးချယ်ကာ အကောင်းဆုံးအသင်းကို (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့သည်။
အညံ့ဆုံးအသင်းတွင် ပါဝင်ခဲ့သူများမှာ ဆဇက်စနီ(ဘာစီလိုနာ)၊ ဘက်စတိုနီ(အင်တာမီလန်)၊ ကူဘာဆီ(ဘာစီလိုနာ)၊ ဆာလီဘာ(အာဆင်နယ်)၊ အော်ဂတ်စတို(အင်တာမီလန်)၊ ဘာရယ်လာ (အင်တာမီလန်)၊ အော်ဒီဂွါ(အာဆင်နယ်)၊ ဒါမီယန်(အင်တာမီလန်)၊ မာတင်နယ်လီ(အာဆင်နယ်)၊ ထရိုဆက်ဒ်(အာဆင်နယ်)၊ ဘာကိုလာ(PSG)တို့ဖြစ်သည်။
အကောင်းဆုံးအသင်းတွင် ပါဝင်ခဲ့သူများမှာ ဆွန်းမား(အင်တာမီလန်)၊ ဂျရတ်မာတင်(ဘာစီလိုနာ)၊ အာချာဘီ(အင်တာမီလန်)၊ မာကင်ဟို့စ်(PSG)၊ ဒမ်ဖရီးစ်(အင်တာမီ လန်)၊ ဖာဘီယန်ရုဇ်(PSG)၊ ပတ်ဒရီ(ဘာစီလိုနာ)၊ နယ်ဗီးစ်(PSG)၊ ရာဖင်ညာ(ဘာစီလိုနာ)၊ ဒမ်ဘီလီ(PSG)၊ ယမားလ်(ဘာစီလိုနာ)တို့ ဖြစ်သည်။
အကောင်းဆုံးအသင်း၌ PSG နှင့် ဘာစီလိုနာအသင်းမှ ကစားသမား (၄)ဦးစီပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး အင်တာမီလန်မှ ကစားသမား(၃)ဦး ပါဝင်ခဲ့သည်။