Eleven Media Group

Ballon d'Or ဆုအတွက် ဒမ်ဘီလီ ရေပန်းအစားဆုံးဖြစ်လာ

Photo: X

PsG အသင်း၏ တိုက်စစ်ကစားသမား ဒမ်ဘီလီသည် ယခုနှစ် Ballon d'Or ဆုအတွက် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။
၂၀၂၅ ခုနှစ် Ballon d'Or ဆုကို မူလက ဘာစီလိုနာတိုက်စစ်ကစားသမားများဖြစ်သည့် ရာဖင်ညာနှင့် ယမားလ်တို့ ရရှိရန် အလားအလာများနေကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် ဒမ်ဘီလီက ရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။
PSG အသင်းသည် ယခုရာသီတွင် ပြင်သစ်လီဂူးချန်ပီယံဆု ရယူထားနိုင်ပြီဖြစ်သလို၊ ချန်ပီယံလိဂ်နှင့် ပြင်သစ်ဖလားပြိုင်ပွဲများတွင်လည်း ဗိုလ်လုပွဲတက်ရောက်ထားသည်။
ထို့ကြောင့် ဖလားသုံးလုံးအောင်ပွဲ မျှော်လင့်နိုင်သည့်အခြေအနေ ဖြစ်နေသောကြောင့် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသည့် ဒမ်ဘီလီ Ballon d'Or ဆုရရှိရန် ရေပန်းစားလာခြင်းဖြစ်သည်။
ပြင်သစ်ကစားသမား ဒမ်ဘီလီသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ(၄၆)ပွဲကစားကာ (၃၃)ဂိုးသွင်းယူပေးထားသည်။
ဒမ်ဘီလီသည် Ballon d'Or ဆု ရရှိရန် (၂း၁)လေးသတ်မှတ်ခံထားရပြီး ယမားလ်က (ရး၂)လေး သတ်မှတ်ခံထားရသည်။

မူရင်းသတင်း — Eleven Media Group