Eleven Media Group

■ အန်ဇိုဖာနန်ဒက်စ်အတွက် ချယ်လ်ဆီး ယူရိုသန်း(၂၀၀) တောင်းဆို

Photo: Getty Images

ချယ်လ်ဆီးအသင်းသည် ရီးယဲလ်အသင်း ခေါ်ယူရန် စိတ်ဝင်စားနေသော အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်စ်အတွက် ယူရိုသန်း(၂၀၀)တောင်းဆိုခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အန်ဇိုဖာနန်ဒက်စ် ကို ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့တွင် ယူရို(၁၂၁)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အန်ဇိုဖာနန်ဒက်စ်အပား ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသောကြောင့် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်စ်သည် လက်ရှိအချိန်၌ ချယ်လ်ဆီးအသင်း၏ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ အန်ဇိုဖာနန်ဒက်စ်သည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၂) ပွဲအထိ ပါဝင်ကစားထားပြီး (၇) ဂိုးသွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group