Eleven Media Group

■ ယနေ့ညကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
လက်စ်ပါမားစ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် မေလ ၁၀ ရက် နံနက် ၁:၃၀ နာရီ)
လက်စ်ပါမားစ်က တန်းမဆင်းရရေး၊ ဗယ်လက်ကာနိုက ဥရောပဝင်ခွင့်ရရေးအတွက် ကစားရမယ့်ပွဲပါ။ ဒီပွဲမှာ ဘယ်အသင်းရဲ့အားထုတ်မှုပိုကောင်းမလဲ ကြည့်ရမယ်။ လက်စ်ပါမားစ်ကို ယုံထားချင်တယ်။ လက်စ်ပါမားစ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။


■ စီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
အေစီမီလန် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မေလ ၁၀ ရက် နံနက် ၁:၁၅ နာရီ)
အေစီမီလန်က နောက်ဆုံးအဝေးကွင်း (၂)ပွဲဆက် အနိုင်ကစားပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက် ပြန်ရှင်သန်လာတယ်။ အေစီမီလန်ရဲ့ကစားပုံက တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတာကိုလည်း တွေ့ရပါတယ်။ ဘိုလော့ဂ်နာကလည်း နောက်ပိုင်းပွဲတွေမှာ ရမှတ်လေလွင့်မှုတွေ များခဲ့ပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာကြောင့်လည်း ဆိုရမှာပါ။ ဆန်စီရိုမှာ ဘိုလော့ဂ်နာအသင်း သရေလောက်တော့ ရနိုင်တယ်။


■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်
ဝုလ်ဖ်ဘတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် နံနက် ၁:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်း ဒီပွဲသရေလောက်ရရင်ပဲ တန်းဆင်းဇုန်ကလွတ်ဖို့ အခြေအနေကောင်းသွားလိမ့်မယ်။ ဟော်ဖန် ဟင်မ် မရှုံးပါဘူး။

မူရင်းသတင်း — Eleven Media Group