
လေဗာကူဆင်အသင်းမှ နယ်သာလန်တောင်ပံကစားသမား ဖရင်ပေါင်ကို လာမည့်နွေရာသီတွင် ယူရို(၃၅)သန်းဖြင့် ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖရင်ပေါင်(၂၄ နှစ်)သည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာ စောင့်ကြည့်နေသည့်ကစားသမားဖြစ်ပြီး ၎င်းသည် လေဗာကူဆင်အသင်းနှင့် ယူရို(၃၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းကို အပြိုင်အဆိုင် ကြိုးပမ်းကြဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးခံနေရသည်။
လက်ရှိတွင် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်၏နေရာတွင် အစားထိုးရန်အတွက် ဖရင်ပေါင်ကို စိတ်ဝင်စားနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းတွင် ဒတ်ချ်လူမျိုးနည်းပြဖြစ်သူ အာနယ်ဆလော့ ရှိနေသည့်အပြင် ဗန်ဒိုက်၊ ဂတ်ပို၊ ဂရာဗန်ဘာ့ချ်တို့လို နယ်သာလန်ကစားသမားများရှိနေသည့်အတွက် ဖရင်ပေါင်ကိုယ်တိုင်ကလည်း လီဗာပူးလ်သို့ ပြောင်းရွှေ့လိုနေကြောင်း သတင်းထွက်ပေါ်နေသည်။