Eleven Media Group

■ မာတင်နယ်လီကို ရောင်းထုတ်ရန် အာဆင်နယ်အသင်း စီစဉ်နေ

အာဆင်နယ်အသင်းသည် ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီကို လာမည့်နွေရာသီတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

မာတင်နယ်လီ(၂၃ နှစ်)သည် အာဆင နယ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သည်

သို့သော် အသင်းနည်းပြ အာတီတာအနေဖြင့် ၎င်းထက် စွမ်းဆောင်ရည်ပိုကောင်းသည့်ကစားသမားကို အလိုရှိနေသောကြောင့် လာမည့်နေ ရာသီတွင် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ဘီလ်ဘာအိုမှ နီကိုဝီလီယံစ်နှင့် ဘိုင်ယန်မြူးနစ်မှ ကင်စလေကိုးမန်းတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

မာတင်နယ်လီသည် အာဆင်နယ်အသင်းအတွက် (၆) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၂၂) ပွဲကစားရာတွင် ဂိုး (၅၀) သာ သွင်းယူထားနိုင်သေးသည်။

မူရင်းသတင်း — Eleven Media Group